ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်ရှိ အကြီးအကျယ် ရေနစ်မြုပ်လျက်ရှိသော ဆင်စခန်းများမှ ဆင်များကို ကယ်ထုတ်နိုင်ရေးအတွက် ယနေ့(အောက်တိုဘာ ၅ ရက်နေ့) တွင် ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။
အချို့ဆင်များကို ရေဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း အချို့ နေရာများတွင် ဆင်များ သေဆုံးမှုဖြစ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ချင်းမိုင်ပြည်နယ်၏ ကျယ်ပြောသော နေရာများ၌ ဆင်စခန်းပေါင်း ၁၀ ခုခန့်တည်ရှိနေပြီး ယင်းဆင်စခန်းများသည် ပြီးခဲ့သည့် သီတင်းခြောက်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် ရေနစ်မြုပ်ကာ ယခုတစ်ကြိမ်သည် ပြီးခဲ့သည့်လက နစ်မြုပ်ခဲ့မှုထက် ပိုမိုဆိုးဝါးနိုင်သဖြင့် စိုးရိမ်စရာဖြစ်ခဲ့သည်။
လျှပ်တစ်ပြက်ရေကြီးခဲ့ခြင်းနှင့် မြေပြိုခြင်း၊ ရေနစ်မြုပ် ခြင်းများကြောင့် ဝေးလံသော ဆင်စခန်းများရှိရာသို့ ရောက်ရှိနိုင်ရန် ခက်ခဲကာ ယခုတစ်ကြိမ်တွင် ဆင်များကို မကယ်နိုင်ခဲ့ဟု ဆင်စခန်းပိုင်ရှင် အချို့က ပြောဆိုသည်။
ဆင်များစွာသည် ရေမြုပ်နေသော ဆင်စခန်းအဆောက်အအုံများမှ လွတ်မြောက်ကာ ကုန်းမြင့်အရပ်သို့ သူတို့ကိုယ်တိုင် သွားရောက်ဖို့ကြိုးစားခဲ့ကြသည်။ ရေ တက်မှုသည် မြင့်မားလှ၍ ဆင်များသည် ရေထဲတွင် ခေါင်းဖော်နိုင်ရုံအနေအထားသာရှိသည်ဟု ဆိုသည်။
ယနေ့ရှာဖွေကယ်ဆယ်မှုတွင် ထိုင်းလေတပ်၏ အမှတ် ၄၁ တပ်ရင်းမှ လေယာဉ်များနှင့်အတူ တိရစ္ဆာန်ဆေးကုသရေး အဖွဲ့များ၊ သဘာဝဆင်စခန်း(ENP) နှင့် Save the Elephant ဖောင်ဒေးရှင်း(SEF) မှ ဆင်ဦးစီးများ ပူးပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ်



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
