အစ္စရေးဘောလုံးအဖွဲ့ချုပ် (IFA) အား အရေးယူရန် ပါလက်စတိုင်းဘောလုံးအဖွဲ့ ချုပ် (PFA) ၏ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
IFA အနေဖြင့် FIFA က ချမှတ်ထားသည့်စည်းမျဉ်းများ ချိုးဖောက်သဖြင့် အစ္စရေးလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများအား အရေးယူရန် PFA က မေလအတွင်း တိုင်ကြားထားခြင်းဖြစ်သည်။ အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် FIFA ကောင်စီအစည်းအဝေးတွင် IFA အား အချက်နှစ်ချက်ဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
FIFA ၏ ထုတ်ပြန်မှုတွင် အစ္စရေးအမျိုး သားလိဂ်ပြိုင်ပွဲအတွင်း ခွဲခြားဆက်ဆံမှုစွပ်စွဲ ချက်များကို စည်းကမ်းထိန်းသိမ်းရေးကော် မတီက စုံစမ်းစစ်ဆေးရန်၊ ပါလက်စတိုင်း နယ်မြေတွင် အခြေစိုက်သည်ဟု စွပ်စွဲထား သည့် အစ္စရေးဘောလုံးအသင်းများ၏ အစ္စ ရေးပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်မှုကို အုပ်ချုပ်ရေး၊ စာရင်းစစ်နှင့် စည်းကမ်းလိုက်နာမှုကော်မတီက စုံစမ်းစစ်ဆေးရန် ဖော်ပြထားသည်။
IFA က စွပ်စွဲမှုများကို ငြင်းဆန်သော်လည်း PFA ကမူ FIFA ကောင်စီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးအသင်းသည် ၂၀၂၄-၂၀၂၅ UEFA Nations League (A) ၏ အုပ်စု (၂) တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အီတလီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ စသည့်ထိပ်သီးအသင်း များနှင့်အတူ ကျရောက်နေသည်။
၎င်းတို့ အနေဖြင့် စစ်ပွဲအခြေအနေကြောင့် အိမ်ကွင်းပွဲများကို ဟန်ဂေရီနိုင်ငံ၌ ကျင်းပနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
