မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မိမိအနာဂတ်ကို လက်ရှိအချိန်မဟုတ်ဘဲ ရာသီကုန်မှသာ ဆုံးဖြတ်ရန် ပြောကြားခဲ့သည်။
"အခုအချိန်မှာ ကျွန်တော်တို့ကို မဆုံးဖြတ်ပါနဲ့ဦး။ ရာသီကုန်မှ ကျွန်တော်တို့ကို ဆုံးဖြတ်ပါ။ ကျွန်တော်တို့က လုပ်ငန်းစဉ်ထဲ ရောက်နေပြီး တိုးတက်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ နှစ်ရာသီဖြတ်သန်းခဲ့ပြီး ဗိုလ်လုပွဲတွေရောက်ခဲ့တယ်။ အဲဒါကြောင့် စောင့် ပါဦး။ ဒီအသင်း တိုးတက်လာအောင် ကျွန်တော်တို့ လုပ်ရမယ်။ ကျွန်တော်တို့ အလုပ် ဆက်လုပ်မယ်။ ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ ကစားသမားတွေ၊ အသင်းနဲ့ ဝန်ထမ်းတွေ ကြားမှာ အတူရှိနေတဲ့ ချိတ်ဆက်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ခင်ဗျားတွေ့မှာပါ။ သူတို့က အောင်မြင်မှုရချင်ကြတယ်။ ကျွန်တော်တို့ ဆီမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းရှိတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကစားပုံတချို့ကိုတော့ မြှင့်တင်ရဦးမယ်" ဟု တန်ဟက်က ဆိုသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲတွင် တစ်ပွဲသာ အနိုင်ရထားသလို ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသည်။ ထို့ကြောင့် ထုတ်ပယ်ခံရနိုင်သည့်နည်းပြများ ရေပန်းစားမှုစာရင်းတွင် တန်ဟက်ဂ်က အလေးပေးမှု ၁/၂ ဖြင့် ရေပန်းအစားဆုံး သတ်မှတ်ခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
