ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် တယ်လီမက်တစ်စနစ် တပ်ဆင်ထားခြင်းမရှိပါက အောက်တိုဘာ (၁၆) ရက်မှစတင်ပြီးဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများအား အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီ မောင်းနှင်ရန်နှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် တယ်လီမက်တစ်စနစ်တပ်ဆင်၍ (၂၄)နာရီပတ်လုံး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများ၌ တယ်လီမက်တစ်စနစ်အား စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ ရက်ပေါင်း (၁၂၀) သတ်မှတ်၍ ဇွန်လ (၁၈) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ ဆောင်ရွက်ထားခြင်းဖြစ်သည်။
စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ ပြီးဆုံးသည့် အောက်တိုဘာ (၁၆) ရက်မှစပြီး စက်တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင် ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
