နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ၂၃၀ ကေဗွီ ရွှေမြို့- နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များအား အောက်တိုဘာလ ဒုတိယပတ်အတွင်း ဓာတ်အား အမြန်ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ၂၃၀ ကေဗွီ ရွှေမြို့ – နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် (၄) တိုင်နှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင် (၅) တိုင် ပြိုလဲပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ပြိုလဲပျက်စီးခဲ့ရာ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ၂၃၀ ကေဗွီ သာစည်- ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်များ တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များ ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်ရေးနှင့် ဓာတ်အား အမြန်ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့- နေပြည်တော် (၂) ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အောက်တိုဘာ (၅)ရက်က ရောက်ရှိပြီး ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တာဝါတိုင်များ စိုက်ထူနိုင်ရန် တာဝါသံဘောင်များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
