ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လဦးဆောင်သော ရွှေဆံပင်ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့သည် အောက်တိုဘာလ (၆)ရက်၊ (၇)ရက်နှင့် (၈)ရက်တို့တွင် အင်းလေးဒေသသို့ ရေ ဘေးအလှူ သွားရောက်ကူညီလျက်ရှိကြောင်း သိရသည်။
အင်းလေးဒေသ ရွာကြီးတောင်အလယ်ရပ်၊ ရေသာရပ်နှင့် ကန့်လန့်ရွာ (၃)ရွာကို အောက်တိုဘာလ (၆)ရက် နံနက်ပိုင်းတွင် လှူဒါန်းကြမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် အေးသာယာမြို့ရှိ ကယားစစ်ဘေးရှောင်မိသားစု (၅၀၀)ကို လှုဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
“အင်းလေးအစပ် ညောင်ရွှေကကံကြီးပရိယတ္တိစာသင်တိုက်မှာတည်းပါတယ်။ ရွှေကျင်သာသနာပိုင် ညောင်ရွှေ ဆရာတော်ကြီးရဲ့ ကျောင်းပါ။ သံဃာ (၂၅၀) ခန့်ရှိပြီး ကြည်ညိုစရာကောင်းပါတယ်။ အောက်တိုဘာလ (၇)ရက် မယ်တော်ကြီးမွေးနေ့မှာ ဆွမ်းကပ်ပြီး ညနေပိုင်းဒီ၀န်းကျင်ကကျောင်းတွေမှာတည်းနေတဲ့ စစ်ဘေးရေဘေးရှောင် ၁၅၀၀/၂၀၀၀ လောက်ကို စတုဒိသာကျွေးမှာပါ”ဟု ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လက မိန့်ကြားသည်။
အောက်တိုဘာလ (၆)ရက်တွင် လှူဒါန်းမည့် အင်းလေးအိမ်ထောင်စု (၁၀၀၀) စာအတွက် ဆန် (၅)ပြည်အိတ် (၁၀၀၀)၊ခြင်ထောင်အလုံး (၁၀၀၀)၊ မုန့်ထုတ် (၁၀၀၀)၊ Solar ဓာတ် မီး (၁၀၀၀)၊ ဆေးထုတ် (၁၀၀၀)၊ကာဘော်လစ်ဆပ်ပြာတောင့် (၂၀၀၀)၊ ငံပြာရည် ငါးနီတူထုတ် (၁၀၀၀)ကျော်နှင့် ငပိထောင်းဗူးများကို လှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
ရွှေဆံပင်အဖွဲ့သည် အောက်တိုဘာလ (၇)ရက် နံနက်တွင် ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်တွင် အာရုဏ်ဆွမ်းဆက်ကပ်မည်ဖြစ်ပြီး မိုင်းပျိုးရေတန်းရွာ၊ မိုင်းပျိုးရေ ကာရွာနှင့် ကန်ကြီးညောင်ရွှေရွာများသို့ သွားရောက်လှူဒါန်း ကြမည်ဖြစ်သည်။
ယင်းနေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့ရေဘေးရှောင်၊ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်၊ စစ်ဘေးသင့်ပြည်သူ (၁၅၀၀) ဦးကို ညစာအာဟာရကျွေးမွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ရွှေဆံပင်အဖွဲ့သည် အောက်တိုဘာလ (၈)ရက် နံနက်တွင် မြေနီကုန်းရွာနှင့် နေ့ခင်းပိုင်းတွင် မြို့မရွာသစ်ဒေသများသို့ သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
