အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်ပြီးရင် နိုင်ငံတကာရက်သတ္တပတ်အတွက် လိဂ်ပြိုင်ပွဲတွေ ခဏနားရမှာပါ။ ဒီကာလက ကလပ်အသင်းတွေအတွက် ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်အခါကောင်းပါပဲ။ ဒါကြောင့်လည်း တန်ဟက်ဂ်ရဲ့ အနာဂတ်ကို အက်စတွန်ဗီလာနဲ့ ပွဲအပြီးမှာ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ မန်ယူပရိသတ်တချို့ကတော့ စပါးကို ဂိုးပြတ်ရှုံးပြီးကတည်းက တန်ဟက်ဂ်ကို ထုတ်ပယ်သင့်ပြီလို့ ဒေါသတကြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ နွေရာသီမှာ တစ်နှစ်သက်တမ်းတိုးပြီး အခွင့်အရေးဆက်ပေးထားခဲ့တဲ့ မန်ယူအသင်းတာဝန်ရှိသူတွေက ဒီလောက်မပြတ်သားနိုင်ခဲ့ပါဘူး။ ဒါက ဒီအချိန်မှာ ထုတ်ပယ်ခဲ့မယ်ဆိုရင် လျော်ကြေး ပေါင် ၁၈ သန်းနီးပါး ကုန်ကျမယ့်အချက်ကြောင့်တော့ မဟုတ်ပါဘူး။ ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားဖို့ ရှိနေတာနဲ့ တစ်ရာသီလုံးစာ အမှားအယွင်းတွေကိုတောင် ခွင့်လွှတ်ပေးနိုင်ခဲ့ပြီးဖြစ်တာကြောင့် လတ်တလောဖြတ်သန်းမှုအမှားက သိပ်မများသေးဘူးလို့ ယူဆတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အသင်းအများစုက ၃ ရက်တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်နေရတာပါ။ ဒါကြောင့် ရလဒ်ကောင်းဖို့၊ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကြိုးစားနေရတဲ့အသင်းတွေအတွက် ပိုပြီးရုန်းကန်ရတဲ့ အချိန်ကာလလည်း ဖြစ်နေပါတယ်။ နည်းပြတွေအတွက်တော့ ဖိအားတွေ တိုးသထက် တိုးသွားနိုင်တဲ့ အချိန်ကာလမျိုးပါပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
