အက်သလက်တီကိုအသင်းက အသင်းနောက်ခံကစားသမား လီနော်မန့်သည် ရီးယဲလ်အသင်းနှင့်ပွဲတွင် ဦးနှောက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာ (၂၉)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် အက်သလက်တီကို (၁-၁) ရီးယဲလ်ပွဲတွင် အက်သလက်တီကိုနောက်ခံကစားသမား လီနော်မန့်သည် ပွဲပြီးခါနီးတွင် ရီးယဲလ်ကွင်းလယ်ကစားသမား ချူယာမန်နီနှင့် ခေါင်းပြိုင်တိုက်ရာတွင် ထိခိုက်မိခဲ့ ခြင်းဖြစ်သည်။
လီနော်မန့်သည် ချူယာမန်နီနှင့် ထိခိုက်မိပြီးနောက် ကွင်းအတွင်း ဆေးကုသမှုခံယူခဲ့ပြီး ပွဲပြီးဆုံးအောင် ကစားခဲ့သည်။ ပွဲအပြီးတွင် အက်သလက်တီကိုအသင်းက ၎င်းကို စစ်ဆေးမှုများထပ်မံ ပြုလုပ်ခဲ့ပြီး ဦးနှောက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကို၏ထုတ်ပြန်ချက်တွင် လီနော်မန့်အနေဖြင့် ရီးယဲလ်နှင့်ပွဲတွင် ခေါင်းထိခိုက်မိပြီးနောက် ဦးနှောက်ထိ ခိုက်မိခဲ့ကြောင်း ပါရှိသည်။ ယင်းဒဏ်ရာမှာ မသန်စွမ်းဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
