အေစီမီလန်အသင်းတိုက်စစ်မှူး အယ်ဗာရိုမိုရာတာက ကော်ဘက်တာမြို့တော်ဝန်၏ ကြိုဆိုနှုတ်ဆက်စကားကြောင့် အိမ် ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် စပိန်လက်ရွေးစင်အသင်းခေါင်းဆောင် မိုရာတာသည် ယခုနွေရာသီတွင် အက်သလက်တီကိုအသင်း မှ အေစီမီလန်အသင်းသို့ လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်သည်။ မိုရာတာ သည် မိသားစုဝင်များ၏ ဘေးကင်းလုံခြုံရေး အတွက် မီလန်မြို့၏အနောက်ဘက် ၁၇ မိုင် အကွာရှိ ကော်ဘက်တာမြို့၌ နေထိုင်ရန် ရွေးချယ်ထားကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် မြို့တော်ဝန်မာကိုဘယ်လာရီနီက ၎င်းတို့၏မြို့သို့ ချန်ပီယံတစ်ဦးရောက်ရှိလာမည်ဖြစ်ကြောင်း၊ မီလန်တိုက်စစ်မှူးမှာ အိမ်အသစ်သို့ပြောင်းရွှေ့ရန် စာရွက်စာတမ်းများ အပြီးသတ်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မိမိမှာ အင်တာအသင်း ပရိသတ်တစ်ဦးဖြစ်သော်လည်း ကော်ဘက်တာမိသားစုဝင်အဖြစ် မိုရာတာရောက်ရှိလာခြင်းကို ကြိုဆိုကြောင်း အောက်တိုဘာ ၂ ရက်တွင် လူမှုမီဒီယာ၌ ရေးသားထားသည်။
သို့ဖြစ်ရာ မိုရာတာက "လေးစားအပ်ပါသော မြို့တော်ဝန်ခင်ဗျာ။ ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ကံကောင်းစွာပဲ ကျွန်တော့်ဆီမှာ အဖိုးတန်ပစ္စည်းတွေ ဘာမှမပိုင်ပါဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသောရတနာက ကျွန်တော့်သားသမီးတွေပါပဲ။ သူတို့ရဲ့ ဘေးကင်းရေးကို ခင်ဗျားက အန္တရာယ်ဖြစ်စေတာပဲ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
မိုရာတာသည် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ခြောက်ပွဲကစား၊ နှစ်ဂိုးသွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
