အင်္ဂလန်လက်ရွေးစင်အသင်း ယာယီနည်းပြ လီကာဆလေက ထိပ်တန်းကစားသမားများဖြစ်သည့် ဂျုဒ်ဘယ်လင်ဂမ်၊ ဖီးလ်ဖိုဒန်နှင့် ကိုးလ်ပါလ်မာတို့ သုံးဦးစလုံးကို တစ်ပြိုင်တည်းအသုံးပြုရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကာဆလေသည် လာမည့်တစ်ပတ် အတွင်း ဂရိ၊ ဖင်လန်အသင်းတို့နှင့်ကစားမည့် UEFA Nations League ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးစာရင်းကို အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရင်းတွင် လက်ရွေးစင်အသင်းနှင့် ခုနစ်နှစ်ကြာ ဝေးကွာနေသည့် တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီ ပြန်လည်ပါဝင်လာသလို ဘယ်လင်ဂမ်နှင့် ဝေါ်လ်ကာတို့ကိုလည်း ရွေးချယ်ထားသည်။ သို့သော် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ပါလ်မာကို ဘယ်လင်ဂမ်၊ ဖိုဒန်တို့နှင့်အတူ တစ်ပြိုင်တည်းအသုံးပြုမည်မဟုတ်ကြောင်း ကာဆလေက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရောက်ရှိနေတဲ့ ရာသီအပိုင်းအခြားအရ သူတို့သုံးယောက်စလုံးကို ဘာကြောင့် တစ်ပြိုင်တည်းပွဲထွက်မကစားစေလဲဆိုတာ ရှင်းပြလို့ရပါတယ်။ သူတို့ကစားထားတဲ့ ပွဲအရေအတွက်၊ သူတို့ဘယ်ကိုပြန်သွားရမလဲ၊ ဘယ်ကနေလာကြသလဲ ဆိုတာတွေအပေါ် မူတည်ပါတယ်။ အရေးကြီးတာက တစ်ချိန်ချိန်မှာ သူတို့အားလုံးကို ကွင်းထဲမှာ အတူရှိနေစေဖို့ဖြစ်ပြီး ကျွန်တော်တို့ ဟန်ချက်ညီဖို့ ကြိုးစားရပါမယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က UEFA ညီလာခံကို ကျွန်တော် သွားခဲ့တယ်။ နည်းပြတော်တော်များက ကျွန်တော်တို့ဆီမှာ ကစားသမားကောင်းတွေ ဘယ်လောက်ရှိလဲဆိုတာကို ပြောခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ပြဿနာတစ်ခုအဖြစ် ရည်ညွှန်းလုနီးပါးပြောကြပေမဲ့ ကျွန်တော်ကတော့ ဒါက ကောင်းတဲ့ပြဿနာလို့ ထင်ပါတယ်။ အဓိပ္ပာယ်ကတော့ အခု ဒါမှမဟုတ် နောက်ကျရင် တစ်ဦးလောက်တော့ လွဲချော်နိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။
အင်္ဂလန်အသင်းသည် ၂၀၂၄-၂၀၂၅ UEFA Nations League (B) ၏ အုပ်စု (၂) တွင် ပါဝင်နေပြီး အောက်တိုဘာ ၁၀ ရက်တွင် ဂရိအသင်းနှင့် အိမ်ကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ဖင်လန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဆောက်ဂိတ်နုတ်ထွက်သွားပြီးနောက် ယူ-၂၁ အသင်း နည်းပြ ကာဆလေကို ယာယီခန့်အပ်ထားခြင်း ဖြစ်ပြီး ၎င်းလက်ထက်တွင် အိုင်ယာလန်ကို အဝေးကွင်း၊ ဖင်လန်ကို အိမ်ကွင်း၌ နှစ်ဂိုးပြတ်စီဖြင့် အနိုင်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
