Top News

မော့တာ၊ ဂျူဗင်တပ်စ်နဲ့ စကူဒက်တိုခရီးကြမ်း
24htopnews | October 6, 2024 6:12 PM CST

ပိုပြီးအသိအမှတ်ပြုရမှာက ဂျူဗင်တပ်စ်အသင်းဟာ  စီးရီးအေပွဲစဉ် (၆) ပွဲကစားပြီးချိန်မှာ ပေးဂိုးလုံးဝမရှိခဲ့တာဖြစ်ပြီး ဒါဟာ စီးရီးအေပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်စွမ်းဆောင်နိုင် ခဲ့ခြင်းဖြစ်သလို၊ ဒီရာသီဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ပေးဂိုးမရှိတဲ့ တစ်သင်းတည်းသောအသင်း အဖြစ်ရပ်တည်စေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အနာဂတ်သစ်၊ ခြေလှမ်းသစ်တွေမှာ အဓိကချီးကျူးရမှာက အသင်းရဲ့နည်းပြသစ်သီယာဂိုမော့တာရဲ့ ဦးဆောင်မှုပါပဲ။ အသက် (၄၂)နှစ်အရွယ် သာရှိသေးတဲ့ အီတလီဂန္ထဝင်ကွင်းလယ်လူ မော့တာဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုလော့ဂ်နာအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ဥရောပရဲ့ အလားအလာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသူပါ။ ဒီအတွက်လည်း ဆုဖလားတွေမဖြစ်မနေလိုအပ်နေတဲ့ ဂျူဗင်တပ်စ်လို အထည်ကြီးပျက်ထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ မော့တာလို အတွေ့အကြုံနုနယ်လွန်းသေးတဲ့ လူငယ်နည်းပြတစ်ဦးရဲ့ပေါင်းစည်းမှုက စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်စလုံးအတွက်အလျော်အစားကြီးလွန်းတဲ့အခြေအနေလို့ဆိုရပါလိမ့်မယ်။ 


READ NEXT
Cancel OK