ရှမ်း/တောင် ဟိုပုံးမြို့နယ်အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားခဲ့သော ထမ်စမ်းဂူ ပြုပြင်ရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA က ဦးဆောင်၍ အလှူငွေများသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
PNO/PNA၏ ယနေ့အသိပေးချက်တွင် အဆိုပါ လှူဒါန်းငွေများမှာ တပ်မတော်နည်းပညာနှင့် သိပ္ပံကျောင်း (ဟိုပုံး)မှ ကျပ်ငွေ(၁၅)သိန်း၊ပင်းပက်သံမဏိစက်ရုံမှ ကျပ်ငွေ(၁၀)သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA မှ ကျပ်သိန်း(၅၀)၊ KBZ Ground မိသားစုမှ ကျပ်သိန်း (၁၀၀)နှင့် မြင့်မိုရ်တိုင်း ရန်ကင်းစစ်ဒေသမှူးမှ ကျပ်(၁၀) သိန်း စုစုပေါင်း (၁၈၅) သိန်းအား စုပေါင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာ(၁၀)ရက်နေ့၌ ဟိုပုံးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဂူအတွင်းရေဝင်ပြီး လမ်း၊ တံတားနှင့် အဆောက်အဦးတစ်ချို့ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ထိုသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထမ်စမ်းဂူ၏ အမြင့်ဆုံးနေရာသည် ပေ (၆၀)ခန့် မြင့်ပြီး အကျယ်ဆုံးနေရာမှာ ပေ (၂၀၀) ခန့် ကျယ်ကာ သက်ရင့် ထုံး ကျောက်ဂူ တစ်ဂူလည်းဖြစ်သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
