ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာ လမ်းမကြီးပေါ်ရှိ လျှပ်စစ်ဓာတ်တိုင်တစ်တိုင်ကို ယနေ့ အောက်တိုဘာ၆ ရက်နံနက် ၅ နာရီခန့်က ကားတစ်စီးမှဝင်တိုက်မိခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံ မှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ကားတစ်စီးသည် ပြည်သာယာမီးပွိုင့်အနီးရှိ ၃၃ ကေဗွီ ရွှေမိုးကောင်းဖီဒါ၏ ၁၄ မီတာကွန်ကရစ်လျှပ်စစ်ဓာတ်တိုင် တစ်တိုင်ကို ဝင်တိုက်မိသဖြင့် လျှပ်စစ်ဓာတ်တိုင်အောက်ခြေကျိုးပျက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တောင်ဥက္ကလာပမြို့နယ်သို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားသည့် ဗလိကဓာတ်အားခွဲရုံ၊ ရတနာအိမ်ရာဓာတ်အားခွဲရုံနှင့် ရန်ကင်းမြို့နယ် ရွှေမိုးကောင်းဖီဒါတို့တွင် လျှပ်စစ် ဓာတ်အားပြတ်တောက်ခဲ့သဖြင့် YESC မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်ခဲ့ကြသဖြင့် နံနက် ၈ နာရီတွင် လျှပ်စစ်ဓာတ်အားယာယီပြန်လည်ပို့လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကျိုးပျက်သွားသည့် လျှပ်စစ်ဓာတ်တိုင်အား ပြန်လည်အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်ကမွန်းလွဲ ၂ နာရီခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဂန္ဓမာမီးပွိုင့်တွင် ၂၂ ဘီးကွန်တိန်နာကားက ကမ္ဘာအေးဘုရားလမ်း၏ ညာဘက်ခြမ်းမှဆက်သွယ်ရေးကြိုးများကိုချိတ်မိရာမှ ၃၃ ကေဗွီစိန်ပန်းမြိုင်ကမ္ဘာအေးဖီဒါ၏ ၁၂ မီတာ ကွန်ကရစ်လျှပ်စစ်ဓာတ်တိုင် ၉ တိုင်အောက်ခြေမှကျိုးပျက်မှုဖြစ်ပွားခဲ့သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
