ရှမ်း/မြောက် လားရှိုးတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ အားလုံးကို ယနေ့အောက်တိုဘာ(၆)ရက်နေ့မှစ၍ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းအခြေစိုက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် Freedom Youth Volunteers -FYV အဖွဲ့ထံက သိရသည်။
“လားရှိုးဖုန်းလိုင်း Wi-Fiလိုင်း 100% ဖြတ်တောက်လိုက်ရုံကလွဲပြီးမြို့ခံတွေအဆင်ပြေကြပါတယ်။ စိတ်ပူကြမှာစိုးလို့ပါ” ဟု အဆိုပါ အဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးမျှဝေထားသည်။
သို့သော် လားရှိုးမြို့ ဝင်ထွက်ခွင့်အား ကန့်သတ်ထားခြင်းမျိုးမရှိဘဲ၊ မြို့ခံများ မိမိတို့ဆန္ဒအလျှောက်သွားလာဝင်ထွက်ခွင့်ပြုထားသည်ဟု ဆိုသည်။
အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် MNDAA လက်နက်ကိုင်အဖွဲ့သည် လားရှိုးမြို့တွင် အင်တာနက်လိုင်းများကို Star Link ကဲ့သို့သော ဝိုင်ဖိုင်စက်များ တပ်ဆင်ကာ အသုံးပြုခွင့်ပေးခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် စက်တင်ဘာလမှစ၍ ယနေ့အချိန်အထိ တပ်မတော်၏ တန်ပြန်လေကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် ၎င်းတို့အထိုင်ချရာ နေရာအများစုသို့ တိုက်ခိုက်ခံရသဖြင့် သတင်းပေးများရှိသည်ဟု ယူဆကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ယနေ့တွင် ဖြတ်တောက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ထံက သုံးသပ်ပြောကြားမှုများ ရှိနေသည်။
ယခုလ စက်တင်ဘာ (၃)ရက်က လူမှုကွန်ရက်၌ လားရှိုးမြို့ ကွမ်ရင်ဘုံကျောင်း နှင့် ရေကန်တောင်ဘက်တွင် ကိုးကန့်တပ်များ ရောက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်အောက်တိုဘာ (၄ )ရက် နံနက်ပိုင်းမှ စတင်၍ တပ်မတော်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်မတော်ဘက်မှ MNDAA အဖွဲ့အပါအဝင် AA နှင့် TNLA တို့ကို အကြမ်းအဖွဲ့အဖြစ်ကြေညာပြီးနောက်ပိုင်း လားရှိုးနှင့် သီပေါမြို့တို့ရှိ ၎င်းတို့ ထိန်းချုပ်အခြေချရာနေရာများအား လေကြောင်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
