စက်တင်ဘာလအတွင်း ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်း ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီများ ယနေ့နောက်ဆုံးထား မပေးပို့ပါက အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆိုင်းငံ့မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။
လက်ရှိတွင် စာရင်းပေးပို့ထားခြင်း မရှိသည့် အေဂျင်စီ (၆၆) ခုကို နာမည်စာရင်းနှင့်အတူ ထုတ်ပြန်ထားပြီးအောက်တိုဘာ (၆)ရက် နောက်ဆုံးထားပေးပို့ရန် အသိပေးထားခြင်း ဖြစ်သည်။
အကယ်၍ သတ်မှတ်ချက်အတိုင်း မပေးပို့ပါက အဆိုပါ အေဂျင်စီများအား ဒဏ်ကြေးအပြင် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်ကိုပါ ဆိုင်းငံ့အရေးယူမည်ဟု ဆိုသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် လကုန်ပြီး (၅) ရက်အတွင်း စေလွှတ်ခဲ့သည့် အလုပ်သမားစာရင်းများကို အလုပ်သမားဝန်ကြီးဌာနထံ ပေးပို့ရန်လိုအပ်ပြီး စေလွှတ်ခဲ့ခြင်းမရှိပါက မရှိသည့်အကြောင်း သတင်းပေးပို့ရန် ညွှန်ကြားထားခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရယူထားသည့် အေဂျင်စီ (၆၀၀)နီးပါး ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
