မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ သဘောထားအတိုင်းရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပြော ရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်သိန်းက ပြောကြားသည်။
ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေရုံးတွင် ပြည်ထောင်စုနယ်မြေအတွင်းပါတီမှ ဆန်ရောင်းနေမှု၊ ကျေးရွာများသို့သွားရောက် ဆေးကုသခြင်း စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုရာတွင် သတင်းထောက်တစ်ဦးက မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်းပြီး ပါတီ၏ သဘောထားအား မေးမြန်းရာတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ် ယမင်းမြင့်သိန်းက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တရုတ်ဘက်ကလည်း မြစ်ဆုံအပေါ်မှာ ဖိဖိစီးစီးနဲ့ ဆောင်ရွက်စေချင်တယ်ဆိုတဲ့ သဘောတွေလည်း ရှိတယ်။ အဲတော့ ကျွန်မတို့ ပြည်ခိုင်ဖြိုးရဲ့သဘောထားကို မေးလာတဲ့အခါကျတော့ ပြည်ခိုင်ဖြိုးသဘောထားက တော့ ကျွန်မတို့ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြည်ခိုင်ဖြိုးအစိုးရကနေ တက်လာတာဆိုတော့ ကျွန်မတို့တွေ တိုင်းရင်းသားအရေးတွေ ဦးစားပေးတယ်။ ပြည်သူလူထုရဲ့အသံကို နားထောင်တယ်။ ကျွန်မတို့ သဘောထား ဆိုရင်တော့ ပြည်သူ့အသံအတိုင်းပဲလို့ပဲ ဖြေပါရစေ”ဟု ဒေါ်ယမင်းမြင့်သိန်းက ဆိုသည်။
မြစ်ဆုံစီမံကိန်းအား သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်သူလူထုအသံ နားထောင်ကာ ရပ်ဆိုင်းခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် မြစ်ဆုံအပေါ် ပြန်လုပ်မည်ဆိုသည့် အသံများ ကြားလာရကြောင်း ဒေါ်ယမင်းမြင့်သိန်းက ပြောကြားသည်။
တရုတ်နိုင်ငံသံရုံး၏ မြစ်ဆုံစီမံကိန်းအား ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်မှုမရှိကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကွမ်ဂေါင်ခမ်းက ကချင်ဒီမိုကရက်တစ်ပါတီအနေနှင့် မြစ်ဆုံစီမံကိန်းအား အစဉ်အမြဲဆန့်ကျင်ကန့် ကွက်ပြီးသားဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် အချိန်များကလည်း သဘောတူကြောင်း၊ လက်ရှိအချိန်နှင့် နောင်တွင်လည်း သဘောတူမည် မဟုတ်ကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
