အက္ခရာ (၁) လုံး နှင့် ဂဏန်း (၅) လုံးပါသည့် 5 Digits အောင်ဘာလေ အွန်လိုင်းသိန်းဆုထီကို Aung Bar Lay အပလီ ကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်ကြောင်း အောင်ဘာလေသိန်းဆုထီဌာနခွဲမှ အသိပေးကြေညာထားသည်။
5 Digits အွန်လိုင်းထီကို ယခင် Aung Bar Lay အပလီ ကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်ပြီး ထီလက်မှတ် ငွေပေးချေခြင်းနှင့် ထီဆုငွေ ထုတ်ယူခြင်းသည် ယခင် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီစနစ်အတိုင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါထီကို အောက်တိုဘာ (၁၅) ရက်မှစပြီး ရောင်းချပေးမည်ဖြစ်ပြီး 5 Digits အွန်လိုင်း ထီကိုတစ်လ (၂) ကြိမ် ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချမည့်ကာလမှာ လတစ်လ၏ (၁) ရက်မှ (၁၄) ရက်ထိ (၁) ကြိမ် နှင့် (၁၆) ရက်မှ လကုန်ရက်မတိုင်ခင် (၁) ရက် အလိုအထိ (၁) ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းထီဖွင့်ပွဲကို ပထမအကြိမ်အတွက် လစဉ် (၁၆)ရက်နှင့်ဒုတိယအကြိမ်အတွက် နောက်လ၏ (၂)ရက်တွင် ပုံမှန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းထီဆုအနေဖြင့် Jackpot ဆု၊ ယူနစ်ဆုနှင့် နှစ်သိမ့် ဆုများအပါအဝင် အခြားထီဆုများ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး Jackpot ဆု၏ ထီလက်မှတ်ကံထူးရှင်ကို (၃)ကြိမ်တိတိ ဖွင့်လှစ်ရွေးချယ် ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
