ရေဘေးအလှူအောင်မြင်စွာပြီးဆုံးပြီဖြစ်သလို ပြိုင်ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေပြီဟု ထွန်းထွန်းမင်းက ယနေ့တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေး ပြောကြားသည်။
“ကျွန်တော် ရေဘေးအလှူအောင်မြင်စွာပြီးမြောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ကျွန်တော်ကို ပါဝင်ကူညီပေးတဲ့ ပြည်ပပြည်တွင်း အလှူရှင်များအားလုံးကို အထူးကျေးဇူတင်ပါတယ်။ကျွန်တော် ပြိုင်ပွဲအတွက် အခုကနေ စပီ Ready ဖြစ်နေပါပြီ။ ပြိုင်ပွဲအတွက်ပဲ စိတ်နစ်ထားပါတော့တယ်။”ဟု အသိပေးထားသည်။
ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက်နေ့တွင် ထွန်းထွန်းမင်းနှင့် ရိုးရာလက်ဝှေ့မိသားစုများ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သို့ ရေဘေးအလှူခရီးစဉ်ထွက်ခွာကြခြင်းဖြစ်ပြီး၊ ယမန်နေ့ အောက်တိုဘာ(၅)ရက်တွင် ခရီးစဉ်ပြီးဆုံးခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် နိုဝင်ဘာ(၉)ရက်၌ ဘားအံမြို့ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြင့် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွင်း ထည့်သွင်း ပြုလုပ်သွားမည့် ဒုတိယအကြိမ် မြန်မာပြည်အလွတ်တန်းချန်ပီယံလုပွဲအတွက် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အား (၅)ချီအလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊စက်တင်ဘာ (၂၂)ရက်က အလွတ်တန်းချန်ပီယံဆုအတွက် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ (၇)ချီအလဲထိုးစနစ်ဖြစ်ယှဉ်ပြိုင်ခဲ့ကြရာ ထွန်းထွန်းမင်းက အနိင်ရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်တို့သည် TGL နှင့် MLWC ပြိုင်ပွဲ (၂)ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြရာ သွေးသစ်ဝင်းလှိုင်မှာအဆိုပါ နှစ်ပွဲအနက် တစ်ပွဲနိုင် တစ်ပွဲပူးတွဲသရေ ရရှိထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
