Top News

ကန့်ဘလူမြို့နယ် အောင်သာယာကျေးရွာတွင်  Drop Bomb များ ပစ်ချတိုက်ခိုက်ခံရမှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိ
24htopnews | October 6, 2024 10:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အောင်သာယာကျေးရွာတွင် အောက် တိုဘာ ၄ ရက်က  Drop Bomb များပစ်ချတိုက် ခိုက်ခံရမှုကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၄ ရက်  မွန်းလွဲ ၁ နာရီခွဲခန့်တွင် PDF များက အောင်သာယာကျေးရွာ၏  အရှေ့တောင်ဘက် မီတာ ၁၂၀၀ ခန့် အမြင့်မှနေ၍ ဒရုန်းဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း နေထိုင်လုပ်ကိုင်နေသူ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိကြောင်း၊ ဒဏ်ရာရရှိသူများ အား ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း နစကက ထုတ်ပြန် သည်။


READ NEXT
Cancel OK