အီရန်နိုင်ငံ၏ဩဇာအရှိဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အစ္စရေးကို အီရန်က လတ်တလောဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ထားသည့်ကိစ္စကို ချီးကျူးပြောဆိုလိုက်ပြီး ၊လိုအပ်လာပါက အစ္စရေးကိုထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။ ယင်းမှတ်ချက်ကိုခါမေနီက အောက်တိုဘာ ၄ ရက်ကပြုလုပ်သည့် သောကြာနေ့ဝတ်ပြုပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
ဝတ်ပြုပွဲကို မြို့တော်တဟီရန်၏ အဓိကဝတ်ပြုရာနေရာဖြစ်သည့် မိုဆယ်လာဗလီတွင် ကျင်းပခဲ့ပြီး မိနစ်၄၀ ကြာမိန့်ခွန်းပြောကြားမှုအတွင်း ခါမေနီက ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက်ခိုက်မှုသည် တရားဝင်ကြောင်းနှင့် အီရန်မဟာမိတ်နိုင်ငံများက ဘုံရန်သူကိုဆန့်ကျင်ရန်နှစ်ဆအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းသွားသည်။
၅ နှစ်အတွင်း သောကြာနေ့ဝတ်ပြုပွဲတွင် ခါမေနီက ပထမဆုံးအကြိမ် မိန့်ခွန်းထွက်ပြောခြင်းဖြစ်ပြီး မိန့်ခွန်းမပြောမီ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့်ဟဇ်ဘိုလာခေါင်းဆောင်နက်စ်ရာလာအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ မိန့်ခွန်းတစ်ဝက်ကို ခါမေနီကအာရပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ်က အီရတ်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ်ဆိုလေမာနီသေဆုံးပြီးနောက်ပြုလုပ်သည့် ဝတ်ပြုပွဲသည်ခါမေနီနောက်ဆုံးတက်ရောက် မိန့်ခွန်းပြောခဲ့သည့် ဝတ်ပြုပွဲဖြစ်သည်။
အီရန်ဘက်က အောက်တိုဘာ ၁ ရက်ညပိုင်းတွင် ဒုံးကျည် ၁၈၀ ဖြင့် အစ္စရေးကိုတိုက်ခိုက်ခဲ့ပြီးပစ်မှတ်အများစုကထိသည်ဟု အီရန်ကပြောသည်။ သို့သော သေကျေမှုသတင်းများ ထွက်မလာဘဲအစ္စရေးက ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟုထုတ်ပြန်သည်။
လက်ဘနွန်ဟဇ်ဘိုလာအုပ်စုကို အဓိကအားပေးထောက်ခံသည့်နိုင်ငံမှာ အီရန်ဖြစ်ပြီး လက်နက်အပြင်ဒေါ်လာဘီလျံနှင့်ချီ ထောက်ပံ့မှုများကို အီရန်ကပေးနေသည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
