ရှမ်း/မြောက် ကျောက်မဲမြို့မှတဆင့် စစ်ရှောင်စခန်းသို့ တိမ်းရှောင်နေကြသည့် ဒေသခံစစ်ရှောင်များ တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာနေပြီး ဆေးဝါးလိုအပ်ချက်များရှိနေကြောင်းဒေသခံစစ်ရှောင်အရေးကူညီဆောင် ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဒေသတွင်း ရာသီအကူးအပြောင်း နှင့် တောတောင်များအတွင်း စစ်ရှောင်စခန်းများ၌ နေထိုင်ရသည့် အခြေအနေအပါဝင် လူစုလူဝေးများဖြင့် နေထိုင်ကြရသဖြင့် ကူးစက်မှုများ ပိုမိုဖြစ်ပွားလာနေခြင်းဖြစ်သည်ဟု ဆိုသည်။
ကျောက်မဲမြို့မှ တဆင့် စစ်ရှောင်လာသူများမှာ ကျောက်မဲမြို့ အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံအပါအဝင် နောင်ပိန်ကျေးရွာရှိ စစ်ရှောင်စခန်း(၂၀)ခန့်တွင် ခိုလှုံနေထိုင်ကြရခြင်းဖြစ်ကြောင်း သိရသည်။
“တုပ်ကွေးလက္ခဏာပေါ့။ နာစေး ချောင်းဆိုး၊ ဖျားနာ တွေဖြစ်နေကြတာ။ ကလေး လူကြီးအကုန်ဖြစ်နေကြတာ။ ကျွန်တော်တို့ကတော့ ရှိတဲ့ဆေးဝါးနဲ့ အတတ်နိုင်ဆုံးထိန်းထားတာပေါ့။ ဒီဘက်မှာက ဆေးရုံဆေးခန်းသွားဖို့ ဆိုတာကလည်း လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေဘူးလေ။ အဓိက ကလေးတွေ ခံနိုင်ရည်မရှိမှာဘဲစိုးတာ။ လိုအပ်တာတော့ ဆေးဝါးအတွက် အကူအညီလိုနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။
တုပ်ကွေးရောဂါသည် ကူးစက်တတ်သည့် ရောဂါဖြစ်သဖြင့် ကလေးငယ်များ ဖြစ်ပွားမှုအပေါ် အမြဲစောင့်ကြည့်နေကြရကြောင်း ဆိုသည်။
ယခုနှစ် ဇွန်လပိုင်းတွင်း တကျော့ပြန်ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်တိုက်ပွဲများကြောင့် လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူ သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရခြင်းလည်းဖြစ်သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
