အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေးအခြေအနေအရ မန္တလေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ စောင့်ကြည့်ကုသနေရကြောင်း မိသားစုနှင့် နီးစပ်သူများထံ မှ သိရသည်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။
“အခု ICU (အထူးကြပ်မတ်ကုသဆောင်)ထဲမှာပါ။ သတင်းမှားပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင် မှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု ၎င်းကပြောသည်။
၎င်းအား ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့် ပေးခဲ့သည်ဟု ကြားသိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။
အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စီးစေမှု၊ အဂတိလိုက်စားမှုအပါအဝင် အခြားသော အမှုများဖြင့် ထောင်ဒဏ် (၂၉) နှစ် ချမှတ်ထားခံရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
