ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလက မိုးသည်းထန်စွာရွာသွန်းခဲ့၍ ထမ်းစမ်းဂူအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်ပြီးနောက် ရေများပြန်လည်ကျဆင်းသွားချိန်တွင် တင်ကျန်ခဲ့သည့် ရွှံ့နွံများ၊ နုန်းများ၊ အမှိုက်သရိုက်များနှင့် ပျက်စီးခဲ့ရမှုများအား လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။
ထမ်းစမ်းဂူဝင်ပေါက်ရှိ ဆရာတော်သီတင်းသုံးတော်မူသည့်နေရာ ရေဝင်ရောက်ခြင်း၊ ဓာတ်မီးတိုင်(၅)တိုင်ပြိုလဲခြင်း၊ ဘုရားဂူ/ကျောက်စာဂူအတွင်းပိုင်းပျက်စီးခြင်း၊ ဂူရှေ့မျက်နှာစာရှိကြေးသပိတ်နှင့် နဝမရှုပုံအရုပ်တော်ပျက်စီးခြင်း၊ ဂူအတွင်း/အပြင် မီးလိုင်းများပျက်စီးခြင်း၊ စတုဒိသာထမင်းစားရုံနှင့် ပန်းခြံပျက်စီးခြင်း၊ လှိုဏ်ဂူတော်ရှေ့ရှိ စငေါချောင်းမြေထိန်းနံရံများ ပြိုကျခြင်း၊ ယာဉ်ရပ်နားစခန်းနှင့် ကားပါကင်ပျက်စီးခြင်းတို့လည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးသွားမှုများအားပြန်လည်ပြင် ဆင်နိုင်ရန် ကမ္ဘောဇဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၂၀၀)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ငွေကျပ်သိန်း(၅၀)၊ ပတ္တမြားနဂါးကုမ္ပဏီမိသားစုမှ ငွေကျပ်သိန်း(၃၀)၊ ပင်းပက်သံမဏိစက်ရုံနှင့် တည်ဆောက်ရေးစီမံကိန်းမှ ငွေကျပ်သိန်း(၂၀)၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းမိသားစုမှ ငွေကျပ်(၁၅)သိန်း၊ မြင့်မိုရ်တိုင်းရန်ကင်းစစ်ဒေသမှ ငွေကျပ်(၁၀)သိန်း (စုစုပေါင်းငွေကျပ် ၃၂၅ သိန်း)ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ အလှူရှင်များမှပေးအပ်လှူဒါန်းသည့် အလှူငွေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အလှူရှင်များကိုယ်စား ဆရာတော်ထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
