လက်ရှိပြည်တွင်းကားဈေးကွက်အတွင်း EV ဝယ်လိုအား မြင့်တက်လာကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း (MAMDA) မှ သိရသည်။
EV ဝယ်လိုအားသည် ယမန်နှစ်နှင့် နှိုင်းယှဥ်ပါက ဝယ်လိုအားတက်လာခြင်းဖြစ်ကြောင်း Popular News ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။
” EV ဝယ်လိုအားကတော့တက်လာပါတယ်။ ဒါပေမဲ့လည်း EV ကလက်ရှိကတော့ မြို့ပြအတွက် Demand ပေါ့။ တခြားနယ်ပယ်တွေမှာလည်း EV အတွက်သုံးဖို့ Ready မဖြစ်သေးဘူးပေါ့။ အချိန်တစ်ခု ရောက်ရင်တော့ ဖြစ်လာမှာပါ။အဓိကက Infrastructure တွေ power supplies တွေလိုတဲ့အတွက် ကိုယ့်မြို့ပြမှာနေတဲ့သူတွေ အတွက်ကတော့ မနှစ်က (၅)ယောက်ရှိရင် ဒီနှစ်မှာ (၇) ယောက် (၈)ယောက်လော က်ရှိလာနိုင်တယ်။ demand တော့ တက်လာတယ်။ EV ဝယ်လိုအားကလည်း မနှစ်ကထက် စာရင်တော့များလာပါတယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။
၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်အထိ လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်ထားရှိကာ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်သည်။
ပြည်တွင်း၌ EV လျှပ်စစ်ကားများတင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ (၁၀၀) ကျော်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားရာမှ ပြည်တွင်းသို့ အစီးရေ (၅၀၀၀) ခန့်တင်သွင်းထားပြီး တရားဝင်တင်သွင်းခွင့်ရထားသည့် ကုမ္ပဏီ (၁၀၀) ကျော်အထဲမှ ကုမ္ပဏီအချို့ကသာ တင်သွင်းရောင်းချနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
