ဂျူဗင်တပ်စ် - ကာဂလီယာရီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
ဂျူဗင်တပ်စ်က နည်းပြ မော့တာလက်ထက်မှာ သရေပွဲ တွေများနေပေမဲ့ ကစားပုံက စနစ်တကျပိုရှိလာတယ်။ ဒီရာသီ စီးရီးအေတစ်ပွဲမှလည်း ဂိုးမပေးရသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ်လည်း ရပ်တည်နေတယ်။ ကာဂလီယာရီက နောက်ဆုံးပွဲမှာ ပါးမားကို အနိုင်ကစားခဲ့ပေမဲ့ အားကောင်းနေတာ မျိုးမဟုတ်ပါဘူး။ တူရင်မှာ ဂျူဗင်တပ်စ်အသင်း ဂိုးပြတ်နိုင်လိမ့် မယ်။
ဘိုလော့ဂ်နာ - ပါးမား (တနင်္ဂနွေည ရး၃၀ နာရီ)
ဘိုလော့ဂ်နာက ဒီရာသီမှာ သရေပွဲတွေ အရမ်းများနေ တယ်။ ဒါပေမဲ့ ခြေစွမ်းကတော့ အရမ်းအားနည်းသွားတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ပါးမားက စီးရီးအေနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပေမဲ့ ဧည့်သည်ကို အရဲစွန့်ရွေးချယ်ချင်ပါတယ်။
လာဇီယို - အမ်ပိုလီ (တနင်္ဂနွေည ရး၃၀ နာရီ)
လာဇီယိုက အမ်ပိုလီနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် Clean Sheet နဲ့ အနိုင်ရခဲ့တယ်။ လက်ရှိခြေစွမ်းအရ ကြည့်ရင်တော့ အမ်ပိုလီက ပိုကောင်းတဲ့အသင်းပါ။ သရေကျဖို့ များတယ်။
မွန်ဇာ - ရိုးမား (တနင်္ဂနွေည ၁၀း၃၀ နာရီ)
မွန်ဇာက အမှတ်ပေးဇယားအောက်ဆုံးရောက်နေပြီး နိုင် ပွဲလည်း မရသေးဘူး။ ရိုးမားကတော့ နည်းပြ ဒီရော့ဆီကို ထုတ် ပယ်လိုက်ပြီးမှ နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲရခဲ့တယ်။ ဒါပေမဲ့ ရိုးမားရဲ့ အဝေးကွင်းခြေစွမ်းကတော့ ယုံကြည်လို့မရသေးဘူး။ အိမ်ကွင်းမှာ ရုန်းကန်လာမယ့် မွန်ဇာကို ကြိုက်တယ်။
ဖီအိုရင်တီးနား - အေစီမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
ဖီအိုရင်တီးနားက စီးရီးအေ (၁)ပွဲသာ ရှုံးနိမ့်သေးပြီး သူတို့ရဲ့ မာကျောမှုကို ဆက်လက်ပြသနိုင်ဆဲဖြစ်တယ်။ စီးရီးအေ နောက်ဆုံးပွဲမှာလည်း လာဇီယိုကိုအနိုင်ကစားပြီး ချီးကျူးစရာခြေစွမ်းမျိုး ဖီအိုရင်တီးနားအသင်း ပြသခဲ့တယ်။ အေစီမီလန် ကလည်း စီးရီးအေနောက်ဆုံး (၃)ပွဲဆက် အနိုင်ကစားထားပြီး အဲဒီ (၃)ပွဲမှာ (၉)ဂိုးအထိ သွင်းခဲ့တယ်။ ဒါပေမဲ့ အေစီမီလန်ရဲ့ အဝေးကွင်းခြေစွမ်းကတော့ လိုအပ်ချက်များဆဲပါပဲ။ ဖလောရင့်မှာတော့ အေစီမီလန်အသင်း ရလဒ်ကောင်းဖို့မလွယ်ပါဘူး။ ဖီ အိုရင်တီးနားကို ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
