မန်ယူအသင်း ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်အပေါ် ယုံကြည်မှုရှိနေဆဲလားဟု မေးမြန်းမှုကို မဖြေကြားလိုကြောင်း တုံ့ပြန်ခဲ့ပြီး ၎င်း၏အနာဂတ်ကို မိမိတစ်ဦးတည်း ဆုံးဖြတ်ခွင့်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီအစတွင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၁၀ ပွဲကစားရာတွင် သုံးပွဲသာ အနိုင်ရထားသည်။ ထို့ကြောင့် Ineos Britannia ရွက်လှေအသင်း၏ပွဲစဉ် ကြည့်ရှုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် ရက်ကလစ်ဖ်ကို BBC Sport သတင်းဌာနက တန်ဟက်ဂ်အပေါ် ယုံကြည်မှုရှိနေဆဲလားဟု မေးမြန်းရာ ၎င်းက "ဒီမေးခွန်းကို ကျွန်တော်မဖြေချင်ဘူး"ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ရန် စဉ်းစားနေခြင်းရှိမရှိ မေးမြန်းမှုကို ရက်ကလစ်ဖ်က "ကျွန်တော် အဲရစ်ကို သဘောကျပါတယ်။ သူက အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ တစ်နေ့တာရဲ့အဆုံးမှာတော့ ဒါက ကျွန်တော့်လုပ်ပိုင်ခွင့်မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်နေတဲ့ စီမံခန့်ခွဲမှုအဖွဲ့က မတူညီတဲ့ကဏ္ဍပေါင်းစုံမှာ အသင်းကို ဘယ်လိုအကောင်းဆုံးစွမ်းဆောင် နိုင်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်နေတဲ့အဖွဲ့က ဇွန်လ ဒါမှမဟုတ် ဇူလိုင်မှ အတူလက်တွဲခဲ့တာပါ။ သူတို့တွေက ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ဒါမှမဟုတ် ဧပြီလတုန်းက ဒီမှာမရှိသေးဘူး။ အိုမာ (အမှုဆောင်ချုပ် ဘာရာဒါ)၊ ဒန်အက်ရှ်ဝေါ့သ် (အားကစားဒါရိုက်တာ) တို့က ဇူလိုင်မှ ရောက်လာတာပါ။ သူတို့ ရောက်လာတဲ့အချိန်က ရက်သတ္တပတ်တွေ လောက်ပဲရှိပါဦးမယ်။ သူတို့က ဒီကိုရောက်တာမကြာသေးလို့ တချို့သော ဆုံးဖြတ်ချက်တွေအတွက် အချိန်ယူရမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အရမ်းရှင်းပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ရှိသင့်တဲ့နေရာဆီ ကျွန်တော်တို့ ပြန်ပို့ပေးချင်တာပါ။ အဲဒီ နေရာမရောက်သေးဘူးဆိုတာ သေချာပါတယ်။ အဲဒါက အရမ်းရှင်းပါတယ်" ဟု ဖြေကြားခဲ့သည်။
ဖိအားများရင်ဆိုင်နေရသည့် တန်ဟက်ဂ်ကလည်း ဗီလာအသင်းပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် "ဖိအားတွေအကြောင်းကို ကျွန်တော်မစဉ်းစားပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ခေါင်းစဉ်တစ်ခုမဟုတ်လို့ပါ။ ကျွန်တော်တို့က အသင်းပိုင်ရှင်၊ ခေါင်းဆောင်မှုအဖွဲ့၊ အသင်းနဲ့ ဝန်ထမ်းတွေ အတူရှိနေပါတယ်။ ဝန်ထမ်းအသစ်တွေ ကျွန်တော်ခန့်ထားတယ်။ ကျွန်တော်တို့ လူငယ်ကစားသမားသစ်တွေ ထပ်ခေါ်ထားပြီး သူတို့ကို ပေါင်းစည်းပေးရပါမယ်။ ထိပ်တန်းအဆင့်ဘောလုံးမှာ အချိန်မရဘူးဆိုတာ ကျွန်တော်သိပါတယ်။ ချက်ချင်းလုပ်ချင်ပေမဲ့ အဲဒါက အမြဲတမ်း လက်တွေ့မကျပါဘူး" ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
