ပြင်သစ်ကွင်းလယ်လူဟောင်း လက်ဆာနာဒီယာရာနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့အကြား အငြင်းပွားမှုဖြစ်ရပ်တွင် အပြောင်းအရွှေ့စည်းမျဉ်းအချို့မှာ ဥရောပသမဂ္ဂ (EU) ၏ ဥပဒေများကို ချိုးဖောက်နေကြောင်း ဥရောပသမဂ္ဂတရားရုံးက ဆုံးဖြတ်ခဲ့သည်။
ချယ်လ်ဆီး၊ အာဆင်နယ်၊ ရီးယဲမက်ဒရစ်၊ အန်ဇီ၊ မာဆေးလ်၊ PSG စသည့်အသင်းများတွင် ကစားခဲ့ဖူးသူ ဒီယာရာ (၃၉ နှစ်) သည် ၂၀၁၃ ခုနှစ် သြဂုတ်တွင် ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်းနှင့် ၂၀၁၇ ခုနှစ်အထိ သက်တမ်းရှိသည့်စာချုပ် ချုပ်ဆို၍ ပြောင်းရွှေ့ကစားခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ် နွေရာသီတွင် နည်းပြဖြစ်သူနှင့် ဒီယာရာတို့ အဆင်မပြေဖြစ်ခဲ့ပြီး အသင်း၏ လစာလျှော့ချရန် စီစဉ်မှုကို ၎င်းကလက်မခံဘဲ လေ့ကျင့်ရေးကွင်းသို့သွားရောက်ရန် ပျက်ကွက်သဖြင့် သြဂုတ်တွင် စာချုပ်ဖျက်သိမ်း ခံခဲ့ရသည်။
လိုကိုမိုးတစ်မော်စကိုအသင်းက ဒီယာရာကို အရေးယူပေးရန် FIFA ထံ တိုင်ကြားခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင် အားကစားခုံရုံး (CAS) က ၎င်းအား စာချုပ်ဖောက်ဖျက်မှုဖြင့် အသင်းဟောင်းထံ ယူရို ၁၀ သန်း၊ CAS ထံ တရားရုံးစရိတ် ယူရို ၁၁၀၀၀၀ ပေးဆောင်ရန်နှင့် ၁၅ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ဒီယာရာသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ဘယ်လ်ဂျီယံကလပ် ချာလီရွိုင်းအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိသော်လည်း FIFA ထံမှ အပြောင်းအရွှေ့လက်မှတ်မရသဖြင့် ပျက်ပြယ်ခဲ့သောကြောင့် ၎င်း၏ နစ်နာမှုများအတွက် FIFA နှင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်တို့ကို ဘယ်လ်ဂျီယံတရားရုံး၌ တရားစွဲဆိုထားပြီး အဆိုပါအမှုကို EU ၏ အမြင့်ဆုံးတရားရုံးမှ စီရင်ချက်ချမှတ်ရန် ရည်ညွှန်းထားခြင်းဖြစ်သည်။
ဥရောပသမဂ္ဂတရားရုံး၏ ထုတ်ပြန်ချက်တွင် "အသင်းသစ်တစ်ခုအတွက် အလုပ်သွားလုပ်ခြင်းဖြင့် ၎င်းတို့ရဲ့လှုပ်ရှားမှုကို မြှင့်တင်လိုတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို တားဆီးထားတဲ့ အဆိုပါစည်းမျဉ်းတွေက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အဆိုပါစည်းမျဉ်းတွေဟာ ဥပဒေအရအန္တရာယ်ရှိမှု၊ မှန်းဆမရနိုင်လောက်အောင် မြင့်မားတဲ့ ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်ရှိမှုဖြစ်စေတဲ့အပြင် ကစားသမားတွေရဲ့ နိုင်ငံတကာအပြောင်းအရွှေ့တွေကို တားဆီးဖို့ လုပ်ဆောင်နေခြင်းဟာလည်း ကလပ်အသင်းတွေနဲ့ ကစားသမားတွေအတွက် အားကစားဆိုင်ရာအန္တရာယ်ရှိမှု ဖြစ်စေပါတယ်"ဟု ဖော်ပြထားသည်။
အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒီယာရာ၏ ရှေ့နေအဖွဲ့က "ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေအားလုံးဟာ အဲဒီ တရားမဝင်စည်းမျဉ်းတွေ (၂၀၀၁ ခုနှစ်တွင် စတင်အသက်ဝင်) ကြောင့် ထိခိုက်နစ်နာခဲ့ရပြီး အခုအချိန်မှာ သူတို့ရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးတောင်းယူလို့ရပြီဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
FIFA ဥပဒေအရာရှိချုပ် အီမီလီယိုဂါစီယာကမူ ယခုဆုံးဖြတ်ချက်မှာ အပြောင်းအရွှေ့စနစ်၏ အဆုံးသတ်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
