ဗီလာရီးယဲလ်အသင်းနှင့်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ညာနောက်ခံလူ ဒန်နီကာဗာဟယ်လ်၏ ဒူးဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိသလို တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာမှာလည်း ပခုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်က ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းက ဗီလာရီးယဲလ်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရသော်လည်း အဓိက ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ စပိန်လက်ရွေးစင်ကစားသမား ကာဗာဟယ်လ် (၃၂ နှစ်) သည် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဘောလုံးကိုကန်ထုတ်ရန် ကြိုးပမ်းစဉ် ပြိုင်ဘက်ကစားသမား ယယ်ရီမီပီနို၏ဟန့်တားမှုကြောင့် ယာဘက်ဒူးဒဏ်ရာရရှိသွားပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။
"ပုံစံကြည့်ရတာ ပြင်းထန်တဲ့ ဒူးဒဏ်ရာမျိုးပဲ။ လာမယ့်နာရီအနည်းငယ်အတွင်း ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။ အဝတ်လဲခန်းမှာ ဝမ်းနည်းပြီး စိုးရိမ်နေကြတယ်။ ကျွန်တော်တို့မဖြစ်စေချင်တဲ့ တစ်စုံတစ်ခုဖြစ်သွားခဲ့တာပါ။ ဒီပွဲစဉ်ဇယားကြောင့်လည်း အခုလို ဖြစ်ရတာပါ။ ကံမကောင်းစွာပဲ ကျွန်တော်တို့ အတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက် အခုလိုဖြစ်သွားရတာပါ။ ဆေးအဖွဲ့က ဘာပြောမလဲဆိုတာ ကြည့်ရပါမယ်" ဟု နည်းပြဖြစ်သူ ကာလိုအန်ဆယ်လော့တီက ပြောကြားှခဲ့သည်။
ဘရာဇီးကစားသမား ဗင်နီစီယပ်စ် (၂၄ နှစ်) မှာလည်း ပခုံးဒဏ်ရာကြောင့် ၇၉ မိနစ်တွင် လူစားလဲခဲ့ရပြီး ပြင်းထန်မှုရှိမရှိ စစ်ဆေးရဦးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
