တာဝန်ရှိသူများသည် ချင်းမိုင်ပြည်နယ် Mae Taeng ခရိုင်ရှိ ဆင်သဘာဝဥယျာဉ်၌ရေကြီးနေသော ဆင်လှောင်အိမ်များထဲကအရွယ်ရောက် ဆင်ခုနစ်ကောင်ကို ကယ်တင်ရန် အလျင်အမြန်ကြိုးစားလျက်ရှိသည်ဟု ထိုင်းသတင်းဌာန The Nation က ဖော်ပြခဲ့သည်။
ချင်းမိုင်ပြည်နယ်သည် ယခုသီတင်းပတ် စောစောပိုင်းကတည်းက မိုးသည်းထန်ခြင်းကြောင့်ရေကြီးနေသော ပြည်နယ်ဖြစ်သည်။
ရွှံ့ထုနှင့်ရေကြီးမှုအောက် နစ်နေသော ဆင်လှောင်အိမ် တံခါးသော့များကို ရေငုပ်သမားများက မဖွင့်နိုင်ဖြစ်နေသောကြောင့် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများသည် လက်ရှိအချိန်ထိ အချည်းနှီးဖြစ်နသည်ဟု ထိုင်းဆင်မဟာမိတ်အစည်းအရုံးက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လှောင်အိမ်ထဲပိတ်မိနေသော ဆင်များသည် ရေလွှမ်းခံထားရသော အနေအထားတွင် နာရီ ၃၀ ကျော် ရပ်နေရသောကြောင့် အားအင် ကုန်ခန်းနေသည်ဟု ယင်းအစည်းအရုံး၏ဥက္ကဌ သီရာပတ်ထရွန်ပက်ကန်က ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများက အနားကပ်သွားလွန်းသည့်အခါ ဆင်တို့က ရန်မူလာသည်ဟု ၎င်းကဖြည့်စွက်ပြောသည်။
သဘာဝဥယျာဉ်သည် ရွှံ့နစ်ရည်ထဲရေငုပ်သမားများသွားလာမှုကို အကူအညီပေးမည့် ရေကြီးရေလျှံမှု အစီအမံမရှိသောကြောင့် ရေငုပ်သမားများသည် ဆင်လှောင်အိမ်၏တံခါးများကို ဖွင့်ရန် လမ်းညွှန်မပါဘဲ လုပ်နေကြရသည်ဟု ၎င်းက ပြောသည်။
အစည်းအရုံးသည် ကယ်ဆယ်ရေးဗျူဟာကို လမ်ပန်းပြည်နယ်ရှိ ထိုင်းဆင်ထိန်းသိမ်းရေးဌာနနှင့်ဆွေးနွေးနေသည်ဟု သီရာပတ်ထရွန်ပက်ကန်က ပြောကြားသည်။ အဆိုပါဌာနသည် ရန်မူသော ဆင်များကို ခက်ခဲသောမြေပြင်အခြေအနေများအားဖြတ်သန်း၍သယ်ယူပို့ဆောင်သော အတွေ့အကြံရှိသည်ဟု ဆိုသည်။
ချင်းမိုင်ရှိ ဆင်လှောင်အိမ်တွင် ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်ဟု သီရာပတ်က ပြောကြားခဲ့ပြီး ၎င်းတို့ထဲက ၃၈ ကောင်သည် Mae Taeng ခရိုင်တွင်ရှိသည်ဟုဆိုသည်။ Mae Taeng ခရိုင်သည် လွန်ခဲ့သော ရက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သော ခရိုင်ဖြစ်သည်။
Mae Taeng တွင်ပင်တည်ရှိသောSave Elephant Foundation ၏လှောင်အိမ်မှ ဆင်နှစ်ကောင်သည်ရေကြီးခြင်းကြောင့်မျောပါသွားခဲ့ရာမှ ယင်းခရိုင်ရှိ Sibsan ဟိုတယ်၏အနောက်တွင်ရှိသော ရေပြွန်ထဲတွင် သေဆုံးနေသည်ကို အောက်တိုဘာ ၄ ရက်တွင်တွေ့ခဲ့သည်ဟု ချင်းမိုင်တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။
■Ref:The Nation
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
