ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင်သည် ယနေ့ အောက်တိုဘာ ၅ ရက်နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင်သည် မီးတောင် ၄ ခုပါ မီးတောင်အုပ်စုဖြစ်ပြီး ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သောမီးတောင်မှာ မြောက်ဘက်အစွန်ဆုံးမှမီးတောင်ဖြစ်ကာ နာရီဝက်ကြာပေါက်ကွဲ၍ အမြင့် ၁၀ ပေခန့်အထိ ရွှံ့ရည်ပူများလွင့်စင်ပေါက်ထွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှံ့ချော်ရည်ပူများသည် မီးတောင်ဘေးပတ်လည်၏ ပေ ၃၀၀ ခန့်အားဖုံးလွှမ်းခဲ့ကာ မီး တောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
ယင်း ကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီး တောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စုတို့ရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့ မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း သိရသည်။
ရွှံ့မီးတောင်များ၏အမြင့်မှာ ပင်လယ်ရေမျက် နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့်အထိရှိပြီး မီးတောင်ပေါက်ကွဲရန်ပံ့ပိုးပေးသည့် ကုန်း မြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစု စည်းကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါးရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင်နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၆)ကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
