ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စံ ချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေပြန်ကျသွားချိန်၌ တင်ကျန်ရစ်သည့် ရွှံ့နွံများ၊ နုန်းများနှင့် အမှိုက်သရိုက်များကိုဖယ်ရှားရှင်းလင်းရာတွင် ယာဥ်၊ ယန္တရားများဖြင့်ပါဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အမှတ်(၁)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသော တာချီလိတ်မြို့ရှိ အလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများမှ ယာဉ်၊ ယန္တရား ၂၅ စီးဖြင့် ပါဝင်ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
” တာချီလိတ်မြို့က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မယ်ခေါင်နဲ့ မကာဟိုခမ်းရပ်ကွက်တွေမှာ ရွှံ့နွံတွေ နုန်းတွေနဲ့ အမှိုက်တွေရှိနေသေးတာကြောင့် နေရာအလိုက်ဦးစားပေးပြီးလူအင်အား ယာဥ် ယန္တရားအင်အားတွေနဲ့ရှင်းနေကြတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြော သည်။
ဖယ်ရှားရှင်းလင်းမှုများအား အလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများက ယာဥ်၊ ယန္တရား(၂၅)စီးဖြစ်သည့် Backhoe များ၊ Wheel Loader များ၊ Dump Truck များဖြင့် စာသင်ကျောင်းများ၊ လမ်းများအတွင်းရှိ ရွှံ့နွံများ၊ နုန်းများ၊ အမှိုက်သရိုက်များအား ဖယ်ရှားခြင်း၊ သတ်မှတ်နေရာများသို့ သယ်ပို့ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
