နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့်ပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို သွားနေခြင်းဖြစ်သည့်အတွက် AA သွားချင်သည့်လမ်းကြောင်းမှာ တစ်ခြားစီ ဖြစ်နေ၍ AA အနေဖြင့် အယူအဆ၊လုပ် ဆောင်ချက်များ ပြုပြင်ပြောင်းလဲမှသာ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီဥ က္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။
ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ထိုသို့့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
RFA သတင်းဌာနမှ သတင်းထောက်တစ်ဦးက “AA ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်မို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေနိုင်သလား။ နောက်တစ်ခုက ငြိမ်းချမ်းရေးဆိုတာ တရားဥပဒေအရ သာရမယ်ပေါ့။ လက်နက် ကိုင်လမ်းစဉ်နဲ့မရဘူး။ ဒီ NCA ထဲမှာ ကျွန်တော်တို့ ဆွေးနွေးနိုင်အောင် ဖွင့်ပေးထားတယ် ဆိုတော့ အကယ်လို့ AA ကနေပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကမ်းလှမ်းရင် ဗိုလ်ချုပ်တို့အနေနဲ့ စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိမလား” ဟု မေးမြန်းခဲ့သည်။
ယင်းကဲ့သို့မေးမြန်းချက်အား ဗိုလ်ချုပ်စိုးနိုင်ဦးက “အဲဒီတော့ AA အနေနဲ့ AA ရဲ့ အခုနပြောသွားတဲ့အထဲမှာလည်းပါတယ်။ AA ရဲ့လုပ်ဆောင်ချက်အပေါ်မှာမူတည်ပြီး စဉ်းစားသွားမှာဖြစ်ပါတယ်။ အဲဒီတော့ သူ တို့ဘက်က ပြောနေတာရှိတယ်။ Confederation ပေါ့။ သူပြောတာကတော့ Confederate ပေါ့။ ကျွန်တော်တို့နိုင်ငံတော်အစိုးရရော၊ ပြည်သူရော၊ သွားနေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စုပါ။ Confederation မဟုတ်ပါဘူး။ ဒါဆိုရင် သူရဲ့အယူအဆသည် ကျွန်တော်တို့ နိုင်ငံတော်အစိုးရရော၊ တပ်မတော်ရော၊ ပြည်သူရော သွားမယ်ဆိုတဲ့လမ်းကြောင်းနဲ့ သူသွားမယ်ဆိုတဲ့လမ်းကြောင်းက တစ်ခြား စီဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့အယူအဆရော၊ သူ့ရဲ့လုပ်ဆောင်ချက်တွေရော ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှသာ ကျွန်တော်တို့ ဆက်လက်ပြီးကာမှ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ဆွေးနွေးလိုပါတယ်” ဟု ပြောကြားသည်။
သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“ကျွန်တော်တို့က ဒီငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်လိုက်တဲ့အခါမ EAO အချင်းချင်းဖြစ်တဲ့ ပဋိပက္ခမှအပ တပ်မ တော်နဲ့ဖြစ်တဲ့ပဋိပက္ခဖြစ်တာ နည်းတယ်ဆိုတာကို ဥက္ကဋ္ဌကိုယ်တိုင် ရှင်းပြီးဖြစ်ပါတယ်။အခုနပြောတဲ့ AA ကတွေ့ဆုံညှိနှိုင်းဖို့မရှိဘူး လား။ AA က နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံညှိနှိုင်းမှု မရှိဘူးလားဆိုရင်တော့ AA အပေါ်မှာပဲ မူတည်တယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပြီးသားပဲ။၂၀၂၀ ခုနှစ်မှာ ငြိမ်းချမ်းရေးဆိုတဲ့ သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ပြီးပြီ။ အဲဒီထုတ်ပြန်ချက် အပိုဒ် ၃ မှာ ဘာပါလည်းဆိုတော့ EAO တွေအနေနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်လာရင် ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့လိုအပ်လာရင် ညှိနှိုင်းမယ်ဆိုပြီး လမ်းဖွင့်ပေးပြီးသား ဖြစ်ပါတယ်” ဟု ပြောကြားသည်။
တပ်မတော်အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နှစ်ကြိမ် ပြောကြားပြီးဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချထားမှုအား ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
“အခုနကပြောတဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြောတာကတော့ ကျွန်တော်တို့ တပ်မတော်အနေနဲ့ လိုအပ်သည်များကို ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဆောင် ရွက်မယ်ဆိုတာ စစ်ရေးအတွက် ဆောင်ရွက်မယ်လို့ ကျွန်တော်တို့က လိုအပ်သည်များကို ဆောင်ရွက်မှာဖြစ်ပါတယ်။ စစ်ရေးကိုပဲ ဆောင်ရွက်မယ်လို့ ကျွန်တေ်ာတို့က ဆိုလိုတာ မဟုတ်ပါဘူး။ စစ်ရေးနဲ့ ပါဝင်ဒွန် တွဲနေတဲ့ ညှိနှိုင်းဆွေးနွေးရေးတွေရှိပါတယ်။ညှိနှိုင်းဆွေးနွေးရေးအတွက် လမ်းကြောင်းတွေ ဘယ်လိုဖွင့်ပေးထားတယ်။ အဲဒီညှိနှိုင်းဆွေးနွေးပွဲတွေကိုလည်း သွားပါမယ်။ လိုအပ်လာရင် ကျွန်တော်တို့က ဒီဟာတွေက ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာထားသည့် အပိုဒ် ၅၊၆၊၇ မှာ ပါတဲ့ အတိုင်းပဲ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတယ်။လိုအပ်လာတယ်ဆိုရင် လိုအပ်သလိုဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် AA အဖွဲ့၏ အခြေပြုနေရာသည် ကချင်ပြည်နယ် လိုင်ဇာတွင်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးဆိုသည်မှာ ARSA အဖွဲ့၏ အန္တရာယ်ကိုသာ အဓိကဦး စားပေးထားခြင်းဖြစ်ကြောင်း၊ ထို့အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အခြေအနေများအားလုံးသည် ကြေညာချက်တွင်ပါဝင်သည့် နယ်မြေများဖြစ်ကြောင်း၊ ရခိုင်ဒေသနှင့်မဆိုင်ဟုသာ ပြောချင်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
