ကျပ် ၁၀၀၀၀ အောက် ပြုတ်ကျနေသည့် FMI ရှယ်ယာစျေးနှုန်း ဆက်တိုက်ကျဆင်းနေပြီး ဇန်နဝါရီ ၁၈ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၉၆၀၀ အထိ အနိမ့်ဆုံးကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအရ သိရသည်။
အစုရှယ်ယာသစ် ထုတ်ရောင်းရန် စီစဉ်ထားသည့် FMI ၏ ရှယ်ယာစျေးနှုန်း ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ပြီး ကျပ် ၁၀၀၀၀ အောက် ပြုတ်ကျကာ ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် FMI ရှယ်ယာတစ်စု ကျပ် ၉၇၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေရာမှ ဇန်နဝါရီ ၁၈ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ကျပ် ၉၆၀၀ သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
Bonus Share များ ထုတ်ဝေမှုကြောင့် အစုရှယ်ယာစျေးနှုန်း ကျဆင်းမှုနှင့် ရှယ်ယာတစ်စုအပေါ် ဝင်ငွေကျဆင်းမှု ဖြစ်ပေါ်နေ သည့် FMI အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြု ရန် နာမည်ပြောင်းရန်နှင့် ရှယ်ယာအသစ် ထုတ်ဝေခွင့်ရှိရန် အထူးအစည်းအဝေးခေါ်ယူမှုကို ကြေညာခဲ့ပြီးနောက် ထိုသို့ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး FMI ၏ ရှယ်ယာစျေးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၀၅၀၀ မှ ဒီဇင်ဘာလကုန်တွင် ကျပ် ၁၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကျပ် ၁၀၀၀၀ အောက် ပထမဆုံးကျဆင်းကာ ရှယ်ယာတစ် စု ကျပ် ၉၇၀၀ သို့ စျေးကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် ကျပ် ၉၉၀၀ သို့ ပြန်တက်ခဲ့သည်။ ဇန်နဝါရီ ၁၂ ရက် ကကျင်းပသည့် အထူးအစည်းအဝေးတွင် FMI ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြုရန် နာမည်ပြောင်းရန်နှင့် ရှယ်ယာအသစ်ထုတ်ဝေခွင့်ရှိရန် အထူးအစည်းအဝေးခေါ်ယူမှုကို အစုရှယ်ယာရှင်များက အတည်ပြုပေးပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၉၇၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။
သို့သော် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပသည့် အထူးအစည်းအဝေး၌ မ တည်ငွေ၏ စုစုပေါင်း ရာခိုင်နှုန်း ၇၀ ထက်မပိုသော ရှယ်ယာများ ထုတ်ဝေရန် ကုမ္ပဏီ၏ ဒါရိုက်တာများကို ရှယ်ယာရှင်များက လုပ်ပိုင်ခွင့်အပ်နှင်းပြီး ဇန်နဝါရီ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တွင် FMI ၏ ရှယ်ယာစျေးနှုန်းမှာ ကျပ် ၉၇၀၀၊ ကျပ် ၉၆၀၀ သို့ ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
