ဆိုင်ကယ်ဖြင့်ကမ္ဘာပတ်နေသည့် အမေရိကန် နိုင်ငံသားတစ်ဦးသည် ကျောက်ဆည်မြို့တွင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဆိုင်ကယ်ဖြင့် နိုင်ငံဖြတ်ကျော်ဝင် ရောက်လာခဲ့သည့်အဖွဲ့မှ တစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံသား Mr.Carson ၃၆ နှစ်၏ မော်တော်ဆိုင်ကယ်နှင့် Faw ကားတို့ တိုက်မိမှု ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာ ဘုရားအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၃၉၆/၃၉၇ ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမှုဖွင့်ထားခြင်းမရှိပါဘူး။ နိုင်ငံခြားမှာတော့ ဘယ်ကပ်မောင်းကိုး။ ဒီမှာတော့ ဘယ်ကပ် ညာဘက် မရှိဘူး။ ကားသမားကလည်း ၀ိတ်ပါတော့ ဘယ်က မောင်းတာကိုး။ အဲတော့ မှားတယ်မှန်တယ်တော့ ပြောမရဘူး။ သူ့နိုင်ငံမှာဆိုရင်တော့ မှန်မှာပေါ့။ ဒီနိုင်ငံကတော့ ညာမောင်းတွေ များတာကိုး။ ကျော်တက်တဲ့သူကလည်း နားလည်မှုနဲ့သူ ကျော်တက်။ မောင်းတဲ့သူကလည်း သူ့မောင်းနေကျအတိုင်း မောင်းမှာပေါ့။ ကြည့်ရတာတော့။ အဲဒီတော့ တိုက်မိမလိုဖြစ်ပြီး ခိုက်မိသွားတာပါ ” ဟု အခင်းဖြစ်ပွားရာ အပိုင်နယ်မြေဖြစ်သည့် မင်းစုရဲကင်းစခန်းမှူး ရဲအုပ်အောင်ကြည်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောကြားသည်။
ထိုကဲ့သို့ ကျော်တက်စဉ် ယာဉ်တိုုက်မှု ဖြစ်ပွားခဲ့သောကြောင့် အမေရိကန်နိုင်ငံသား တွင် နဖူးထိပ်ပွန်းပဲ့နှင့် ဝဲလက်ဖျံကျိုးဒဏ်ရာ များရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
အဆိုပါ အမေရိကန်နိုင်ငံသားသည် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဆိုင်ကယ်စီးနင်းဝင်ရောက်လာသူ ဖြစ်ပြီး သက်ဆိုင်ရာ နယ်စပ်ဖြတ်ကျော်နှင့် ဗီဇာသက်တမ်းတို့ ပါဝင်ကိုင်ဆောင်သူဖြစ်သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
