ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ပျူခေတ်လက်ရာ လေးမျက်နှာဂူဘုရား ဖောက်ထွင်းခံရပြီး အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖောက်ထွင်းခံရသည့်ဂူဘုရားမှာ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ မုဋ္ဌောကျေးရွာအုပ်စု၊ ယဉ်ကျေးမှု(AZ) အတွင်းတွင် တည်ရှိပြီး ဇန်နဝါရီ ၁၆ရက် နေ့လယ်ပိုင်းက ဇုန်လုံခြုံရေး တာဝန်ခံဦးဇော်ဇော်ကတွေ့ရှိကာ သတင်းပေးပို့မှုကြောင့်သိရှိခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစုက သိရသည်။
“၁၆ ရက်နေ့ ၁၁ နာရီလောက်မှာ လေးမျက်နှာဘုရားကို သွားကြည့်တဲ့အချိန်မှာ အပေါ်မှာ အုတ်ခဲလေးတွေ တွေ့လိုက်တယ် အပေါ်တက်ကြည့်တော့ ဖောက်ထားတာတွေ့ပြီး ကျွန်တော်တို့ဆီ လှမ်းဖုန်းဆက်ပြီး ပြောတာ လိုက်သွားကြည့်တော့ အလျား လေးပေ အနံတစ်ပေခွဲလောက် အနက်ကတော့ တစ်ပေခွဲလောက် ဖောက်ထားတာ တွေ့ရတယ်။ ဒါက အထဲမှာဘာမှမရှိဘူး ခေတ်သစ်ပြင်ဆင်မှုလုပ်ထားပြီးသား ဒါမျိုးက လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်းမရှိဘူး။ အခုကတော့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက်ကားမှု ရှိတယ်လို့ သတင်းရထားတယ်။ လက်ပူး လက်ကျပ်တော့မမိသေးဘူးပေါ့၊ အဲဒါတွေနဲ့ စပ်ဆက်မယ်ထင်တယ် ကျွန်တော်တို့ လိုက်လံစုံစမ်းနေပါတယ်” ဟု သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောကြားသည်။
အဆိုပါဖောက်ထွင်းခံရမှုအတွက် ဦးစိုးမင်းက တရားလိုပြုလုပ်ကာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ-၂၆ ဖြင့် အမှုဖွင့်အရေးယူပေးရန် ပြည်မြို့အမှတ်(၃) နယ်မြေရဲစခန်း ဇန်နဝါရီ ၁၇ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
“ဖြစ်စဉ်ကိုတော့ စုံစမ်းနေတုန်းပဲ။ သူတို့ကိုယ်တိုင်လည်း ဘယ်လိုဖြစ်သွားတယ်ဆိုတာ မသိသေးဘူး။ သွားစစ်တယ်။ တွေ့ခါမှအကြောင်းကြားတာဆိုတော့” ဟု အမှတ်(၃) နယ်မြေ ရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းဂူဘုရားမှာ အေဒီလေးရာစုမှ ကိုးရာစု ပျူခေတ်လက်ရာဖြစ်ပြီး ကွမ်းတောင် အပါအဝင်အကြီးစားပြင်ဆင်မှုကို ဗိုလ်မှူးကြီး တင်လှိုင်(သံအမတ်ကြီး(လေ)အငြိမ်းစား) ပြင်ဆင်ခဲ့ပြီး ခေတ်သစ်အုတ်နှင့် အင်္ဂ တေများဖြင့်ပြင်ဆင်ထားပြီး ဌာပနာပစ္စည်း မရှိကြောင်းသိရသည်။ သရေခေတ္တရာ မြို့ဟောင်းအပါအဝင် ဟန်လင်း၊ ဗိဿနိုး ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက် က ကာတာနိုင်ငံ ဒိုဟာမြို့တွင်ပြုလုပ်သည့် ယူနက်စကို၏ (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
