မွန်ပြည်နယ် ရော်ဘာဝယ်သူစျေးကွက် ကိုချုပ်ကိုင်၍ အထူပြားအား စျေးတိုးပေးကာ SMEs ထုတ် အရည်အသွေးအမြင့်ကို စျေးချပေးနေမှုကြောင့် ရော်ဘာတောင်သူ လုပ်ငန်းရှင်များအနေနှင့် ရေရှည်ရပ်တည်ရန်အခက်ခဲရှိရာ အရည်အသွေးဦးစားပေးမှုကို စွန့်လွှတ်မှုမရှိစေရန် ရော်ဘာစံစျေးကွက် Standard Rubber Market ဖော်ဆောင်ရေး ကော်မတီဖွဲ့စည်းရန် ပြည်နယ်အစိုးရကို တင်ပြရန်ရှိကြောင်း ဒေသခံရော်ဘာတောင်သူ များထံမှသိရသည်။
“အရည်အသွေးမြင့် မှိုင်းခံရော်ဘာစက်ရုံများ ကော်မတီဖွဲ့ဖို့၊ လာမည့်စနေ၊ တနင်္ဂနွေမှာ ပေါင်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ မုဒုံ စတဲ့အသင်းဝင်တွေကို မွန်ပြည်နယ် ရော်ဘာအသင်းရုံးမှာ တွေ့ဖို့ ဖိတ်ထားပါတယ်။ SMEs ကိုယ်ပိုင်စက်ရုံ မွန်ပြည်နယ် သန့်စင်မှိုင်းခံရော်ဘာစက်ရုံများ ကော်မတီဖွဲ့မယ်။ ဖွဲ့ပြီး ပြည်နယ်အစိုးရကို တင်မယ်။ အဓိက စျေးကွက်အခက်အခဲပေါ့။ စံတစ်ခုအနေနဲ့ စျေးကွက်သတ်မှတ်ပေးဖို့ပေါ့။ အခုက ဝယ်သူစျေးကွက်ဖြစ်နေတယ်။ ကော်မတီကို အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းပေးဖို့ပါ။ အစည်းအဝေးမှာ ဘယ်အချက်တွေပါဝင်မယ်၊ ဆွေးနွေးကြပါမယ်၊ ဒီတစ်ပတ်တွင်း ကော်မတီဖွဲ့ပြီး တင်လိုက်မယ်၊ အစိုးရကဖွဲ့ သက်ဆိုင်ရာဌာနက Quality ပိုင်းပါမယ်။ ဘဏ်က သီးနှံအာမခံစနစ် ပါလာမယ်။ စျေးကွက်တွင် Procedure ဆွဲထားမှာပေါ့၊ ဘယ်လ ဘာလုပ်မယ်ဆိုတဲ့ Proposal ပါမယ်။ နှစ်လပိုင်းကုန်လောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ်” ဟု ဦးနိုင်သက်ဦး (မန်နေဂျင်းဒါရိုက်တာ၊ ရာမညရွှေဖြူ သန့်စင်ရော်ဘာမှိုင်းခံစက်ရုံ) က ပြောကြားသည်။
“အထူပြားကို တစ်ပေါင် ကျပ် ၆၂၀ က နေ ၆၆၀ အထိတိုးပေးပြီး SMEs စက်ရုံထွက် အပါးပြားကို ကျပ် ၇၄၀ ကနေ ၇၂၀ လျှော့ပေး တယ်။ မွန်ပြည်နယ်မှာက SMEs စက်ရုံက ၁၄ ရုံလောက် ချေးငွေအတိုး၊ စျေးမြင့်အက်ဆစ်သုံးပြီး သိန်းရာချီနဲ့ ရင်းထားတယ်။ ထွက်တာမှ တစ်လလောက်ပဲရှိတာ။ ထွက်ထွက်ချင်း စျေးလျှော့ပြီး မြန်မာ့ရော်ဘာ အရည်အသွေးမြင့်ပြီး နိုင်ငံတကာစျေးကွက်ဖောက်ဖို့ ရည်ရွယ်ချက်ကို စိတ်ပျက်အောင်လုပ်နေတယ်။ ဒါကို ကြိုးစားပြီးရုန်းရမယ်။ အဆင့်မြင့် ရော်ဘာစျေးကွက် Standard Rubber Market အကောင်အထည်ဖော်ဖို့ ထူထောင်မယ်။ နောက်တစ်နည်းက ပြည်ထောင်စု/ ပြည်နယ်အစိုးရ / သမဝါယမ ဒါမှမဟုတ် လုပ်ငန်းရှင်တွေစုပြီး တာယာစက်ရုံလည်းလုပ်သင့်နေပြီ” ဟု ဦးအောင်ရွှေ (ဥက္ကဋ္ဌ သံဖြူဇရပ်မြို့နယ် ရော်ဘာထုတ်လုပ်သူများအသင်း) က ပြောကြားသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်က မွန်ပြည်နယ် တော်ဝင်ဟင်္သာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ရော်ဘာရောင်းသူ/ ဝယ်သူတွေ့ဆုံပွဲတွင် စင်ကာပူနိုင်ငံသို့ ရော်ဘာတန် ငါးသောင်းရောင်းချရန် MoU ထိုးမှုတွင် မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်နယ်ကုန်သည် စက်မှုလက်မှုအသင်း၊ မွန်ပြည်နယ်ရော်ဘာ ထုတ်လုပ်သူများ ပါဝင်လက်မှတ်ရေးထိုးကြ၍ မွန်ပြည်နယ်ထွက် ရော်ဘာများ နိုင်ငံတကာစျေးကွက်တွင် ရောင်းချနိုင်ရန်၊ အက်ဆစ်သုံးစွဲမှုပြင်ဆင်ခြင်း၊ အဆင့်မြင့် ရော်ဘာကုန်ကြမ်းစက်ရုံတွက် SME ချေးငွေရရှိရန် မွန်ပြည်နယ်အစိုးရ၏ ကူညီလုပ်ဆောင်၍ မော်လမြိုင်တွင် မွန်ပြည်နယ်၏ Standard Rubber Market တည်ထောင်ရန် မူလကစီစဉ်ထား ရှိခဲ့သည်။
မွန်ပြည်နယ်တွင် ရော်ဘာအဆင့်မြင့် ကုန်ကြမ်းစက်ရုံအနေဖြင့် သထုံမြို့၌ နှစ်ရုံ၊ ပေါင်မြို့၌ နှစ်ရုံ၊ မုဒုံမြို့၌ တစ်ရုံ၊ ရေးမြို့၌ တစ်ရုံ၊ သံဖြူဇရပ်မြို့၌ တစ်ရုံ၊ ကျိုက်မရော မြို့၌ ရှစ်ရုံ၊ ပေါင်း ၁၅ ရုံရှိရာ တစ်နေ့လျှင် ရော်ဘာပေါင်ကုန်ကြမ်း တန် ၃၀၀၀ ခန့် ထွက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
