ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆက် ဆက်သွယ်ထားသည့် တံတားမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရပြီး ကားများသွားလာ၍ မရတော့ဘဲ နမ့်လုံချောင်းပေါ်ရှိ ကန်လုံပုဂ္ဂလိက ရေအားလျှပ်စစ် စက်ရုံမှာလည်း ထိခိုက်မှုအချို့ရှိခဲ့ခြင်းကြောင့် လျှပ်စစ်မီး မဖြန့်ဝေနိုင်သေးကြောင်း သိရသည်။
စက်တင်ဘာ(၁၀)ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လုံချောင်းရေ မြင့်တက်လာပြီးနောက် မိုင်းဖြတ်မြို့နယ်ရှိ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆက်သို ဆက်သွယ်ထားသည့် တံတားအမှတ် (၂/၉၅)၊ ဘေလီတံတား ပေ (၆၀)၊ (၄) ခန်း၊ ရေလည်တိုင် (၃) တိုင်အနက် အလယ်ရေလယ်တိုင် (P2)၊ (၁၅)ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ရပြီး ဆိုင်ကယ်နှင့် လူများသာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း သိရသည်။
ထို့ပြင် နမ့်လုံချောင်းပေါ်ရှိ ကန်လုံပုဂ္ဂလိက ရေအားလျှပ်စစ်စက်ရုံမှာလည်း ရေကြီးရေလျှံမှုကြောင့် နုန်းထုတ်ပေါက်တံခါးနှင့် စက်ရုံရေဝင်မြောင်းတို့၌ သဲနှုန်း(၁၅) ပေခန့်နှင့် သစ်မြစ်ဆုံ(၆)ပေခန့် ပိတ်ဆို့နေမှုကြောင့် လျှပ်စစ်မီးဖြန့်ဝေခြင်း မပြုနိုင်တော့ကြောင်း သိရသည်။
ထိုသို့ မိုင်းဖြတ်မြို့နယ်၌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တံတားနှင့် ရေအားလျှပ်စစ် လုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများ အောက်တိုဘာ(၆)ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
