ဂျပန်နိုင်ငံ၏ မြန်မာလုပ်သားခေါ်ယူသည့် အစီအစဉ်၌ သစ်တောလုပ်ငန်းအတွက် သစ်တောကဏ္ဍ လုပ်ငန်းအမျိုးအစားအသစ် တစ်မျိုးထပ်ဖြည့်လိုက်သောကြောင့် မြန်မာနည်းပညာအလုပ်သင်များအတွက် အခွင့်အလမ်းတခု ဖြစ်လာသည်။
ဂျပန်နိုင်ငံသည် မြန်မာလုပ်သားများကို နည်းပညာအလုပ်သင် သင်တန်းသားအစီအစဉ်ဖြင့် ခေါ်ယူနေသည့် လုပ်ငန်းများအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က သစ်တောကဏ္ဍလုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာ (၄)ရက်တွင် ထုတ်ပြန် အသိပေးထားသည်။
ယင်းအမျိုးအစားသည် အမျိုးသားလုပ်သားများအတွက် ဦးစားပေးရွေးချယ်မည့် လုပ်ငန်းမျိုးဖြစ်ကြောင်း အေဂျင်စီတခုက ပြောပြီး သစ်တောလုပ်ငန်းအတွက် သစ်တော သ စ်ပင်စိုက်ပျိုးထုတ်လုပ်ရသည့် လုပ်ငန်းဖြစ်ကြောင်းလည်း သိရသည်။
“သတ်လတ်ပိုင်းအမျိုးသားတွေအတွက်လို့ သံရုံးဘက်က အတိအကျမထုတ်ပြန်သေးဘူး၊ ခေါ်ရင်လည်း အနည်းဆုံး လူရာချီမှာ ဒါမှမဟုတ်ရင် လေးဆယ် ၊ငါးဆယ်လောက်ခေါ်မယ်တော့ ခန့်မှန်းထားတယ်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဂျပန်နိုင်ငံအနေဖြင့် ယခုနောက်ပိုင်းတွင် လုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားခေါ်ယူသည့် စနစ်ကို ပိုမိုကျင့်သုံးလာကာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းများအတွက် အများဆုံး ခေါ်ယူလျက်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
