အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌ, မန္တလေးတိုင်းဝန်ကြီးချုပ်
ဟောင်းဒေါက်တာဇော်မြင့်မောင်သည် ယနေ့ အောက်တိုဘာ (၇)ရက် နံနက်(၃) နာရီတွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
“ဒီမနက် သုံးနာရီမှာ ကွယ်လွန်သွားပါပြီ။ သူ့ အမျိုးသမီး ကိုယ်တိုင်လည်း ဖေ့ဘွတ်စ်မှာ တင်ထားပါတယ်။ အလေ-ာင်းကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာဘဲ ရှိနေပါတယ်။ ဘယ်လိုဆက်စီစဉ်မလည်းဆိုတာတော့ မသိသေးပါဘူး။”ဟု ပြောသည်။
သွေးကင်ဆာရောဂါ ဝေဒနာခံစားနေရသူဒေါက်တာဇော်မြင့်မောင်သည် ကွယ်လွန်ချိန်တွင် အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ ယမန်နေ့ အချိန်အထိ မန္တလေးပြည်သူဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် ဆေးကုသမှုခံယူနေခဲ့ရခြင်းလည်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီအောက်တိုဘာလ (၆)ရက်တွင် ၎င်းအားပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အမိန့်စာကို ဆေးရုံတွင် လာရောက်ဖတ်ကြားခဲ့သည်ဟု သိရသည်။
ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စီးစေမှု၊ အဂတိလိုက်စားမှုအပါအဝင် အခြားသော အမှုများဖြင့် ထောင်ဒဏ် (၂၉) နှစ် ချမှတ်ထားခြင်းဖြစ်သည်။
၎င်းသည် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင် မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
