ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်လေးခုတွင် ဝက်များတွင်တွေ့ရသော ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်သည့် Streptococcus suis ကြောင့်လူ ၁၂ ဦး သေဆုံးခဲ့သဖြင့် မချက်မပြုတ်ရသေးသော ဝက်သားစိမ်းများကို သတိထားရန် ရောဂါထိန်းချုပ်ရေးဌာန(ဒီဒီစီ) က အများပြည်သူကို သတိပေးခဲ့သည်။
စောင့်ကြည့်နေသည့် နယ်မြေလေးခုတွင် ဇန်နဝါရီ ၇ ရက်မှ စက်တင်ဘာ ၃ ရက်အကြား ဘက်တီးရီးယားပိုးကြောင့် အကြားအာရုံဆုံးရှုံးရသည့်ဖြစ်စဉ် ၁၄၉ ခုရှိခဲ့သည်ဟု အမှတ် ၉ ဒီဒီစီ ရုံး အကြီးအကဲ ဒေါက်တာ ထာဝီချိုင်း ဝီဆာနူယိုသင်က ပြော ကြားခဲ့သည်။
နာခွန် ရတ်ချိုင်ဆီမာ၌ သေဆုံးသူ ၆ ဦး အပါအဝင် ရောဂါဖြစ်သူ ၈၉ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ချိုင်ယာဖန်ဒေသတွင် ရောဂါဖြစ်သူ ၃၁ ဦးနှင့် သေဆုံးသူ လေးဦး၊ ဆူရင်ဒေသတွင် ရောဂါဖြစ်သူ ၁၆ ဦးနှင့် သေဆုံးသူတစ်ဦး၊ ဘူရီယမ်ဒေသတွင် ရောဂါဖြစ်သူ ၁၃ ဦးနှင့် သေဆုံးသူ တစ်ဦး အသီးသီး ရှိခဲ့သည်ဟု ဆိုသည်။
ရောဂါဖြစ်ပွားသူ အများစုသည် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်းများဖြစ်သည်ဟု ဒေါက်တာ ထာဝီချိုင်းက ပြောကြားခဲ့သည်။
Streptococcus suis သည် မြေပဲတောင့်ပုံစံရှိ ဘက်တီးရီးယားတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် အသက်ရှူလမ်းကြောင်း အထက်ပိုင်းအစိတ်အပိုင်းများ အထူးသဖြင့် အာသီး၊ နှာခေါင်းပေါက်နှင့် ဝက်၏ အစာနှင့် လိင်အင်္ဂါလမ်းကြောင်းတို့တွင် တွေ့ရတတ်သည်။
ဝက်သားစိမ်း၊ ဝက်သွေးနှင့် အတွင်းကလီစာများကို စားသုံးခြင်း သို့မဟုတ် ထိတွေ့ခြင်းအားဖြင့် လူများကို အဆိုပါ ဘက်တီးရီးယားပိုး ကူးစက်နိုင်သည်ဟု ဒေါက်တာ ထာဝီချိုင်းက ပြောဆိုသည်။ ပေါက်ပြဲအနာများ၊ ပြတ်ရှ ဒဏ်ရာများနှင့် မျက်လုံးမျက်မြေးတို့မှတဆင့်လည်း ပိုးဝင်ရောက်နိုင်သည်ဟု သူက ပြောဆိုခဲ့သည်။
ပုံမှန်အားဖြင့် ဘက်တီးရီးယား ကူးစက်ခံရပြီး ၁၄ ရက်အကြာတွင် အဖျားတက်ကာ အကြားအာရုံဆုံးရှုံးရသည့် အခြေအနေက အဖြစ်များသည်။ လူနာများသည် အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်းနှင့် လည်ပင်းတောင့်တင်းခြင်း ဝေဒနာများ ခံစားရသည်ဟု ဆိုသည်။
ထိုရောဂါပိုးသည် ကိုယ်ခံအားနည်းသော လူများတွင်မူ ထာဝရ အကြားအာရုံဆုံးရှုံးခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် ဝက်သားများကို ယုံကြည်စိတ်ချရသည့် နေရာများမှသာ ဝယ်ယူရန်နှင့် အသား၊အတွင်း ကလီစာနှင့် ဝက်သွေးတို့ကို အပူချိန် ၆၀ နှင့် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် အချိန် ၁၀ မိနစ်ကျော်ကြာ ချက်ပြုတ်ပြီးမှသာ စားသုံးကြရန် ဒီဒီစီက အကြံပြု တိုက်တွန်းထားသည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
