မန္တလေး-ပြင်ဦးလွင် အတက်လမ်းရှိ 230KV ရွှေလီ-မန်စံ-ရွှေစာရံ မဟာဓါတ်အားလိုင်းမှ တာဝါတိုင်တိမ်းစောင်းမှုဖြစ်ပေါ်နေခြင်းကြောင့် ပြင်ဆင်လျက်ရှိပြီး ပြုပြင်နေစဉ်ကာလ၌ မန္တလေးခရိုင်အတွင်း အလှည့်ကျစနစ်ဖြင့် ဓါတ်အားလျော့ချ၍ ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။
မန္တလေး-ပြင်ဦးလွင် အတက်လမ်းရှိ 230KV ရွှေလီ-မန်စံ-ရွှေစာရံ မဟာဓါတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၆၁၃ မှာ ဇူလိုင် ၂၈ ရက်က တိမ်းစောင်းမှုဖြစ်ပေါ်နေခြင်းကြောင့် ပြင်ဆင်လျက်ရှိရာ အဆိုပါ ပြင်ဆင်မှုလုပ်ဆောင်ရာနေရာသို့ ဇူလိုင် ၃၀ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများလျှပ်စစ်ဓါတ်အား ပြည့်ဝစွာအမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရန်ကြိုးစားလုပ်ဆောင်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးအလေးထားရန် မှာကြားခဲ့ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။
လတ်တလောတွင် မန္တလေးခရိုင်အတွင်း အလှည့်ကျဓါတ်အားပေးမှုဖြင့် ဝန်အားများလျှော့ချ၍ ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး တာဝါတိုင်တိမ်းစောင်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေး-ပြင်ဦးလွင် အတက်လမ်း ၁၇ မိုင် ၄ ဖာလုံရှိ 230KV ရွှေလီ-မန်စံ-ရွှေစာရံ မဟာဓါတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၆၁၃ မှာ တိုင်ယိုင်ပြီးပြိုလဲမည့်အခြေအနေဖြစ်ပေါ်နေသဖြင့် မဟာဓါတ်အားလိုင်းမှူးရုံး(အုန်းတော)နှင့် မဟာဓါတ်အားလိုင်းမှူးရုံး(သာစည်)၊ စီမံကိန်းမန်နေဂျာ(၁)ရုံးတို့မှ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်တို့မှ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မန္တလေး-ပြင်ဦးလွင် အတက်လမ်းရှိ 230KV ရွှေလီ-မန်စံ-ရွှေစာရံ မဟာဓါတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၆၁၃ ယိုင်နဲ့သွားခြင်းကြောင့် ရွှေလီရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ မဟာဓါတ်အားစနစ်အတွင်းသို့ ပို့လွှတ်နေသည့် ဓါတ်အား 300 MW လျော့နည်းသွားခဲ့ပြီး 15 MW ခန့်သာ ဓါတ်အားအသုံးပြုထားရခြင်းဖြစ်ကြောင်း၊ ပြည်သူများအမြန်ဆုံးဓါတ်အားအပြည့်အဝရရှိရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
