ဇူလိုင် ၃၀ ရက်တွင် YBS 42 ပေါ်၌ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အနုကြမ်းစီးခံရဟု လူမှုကွန်ရက်တွင်ပြန့်နှံ့နေသည့် သတင်းမှာ သတင်းအမှားဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
" ၂၀၂၂ ခုနှစ် ၃၀ ဇူလိုင် ရက်နေ့ YBS 42 ပေါ်တွင် အနုကြမ်းစီးခံရကြောင်းသတင်းများ လူမှုကွန်ရပ်ပေါ်တွင် ခြိမ်းခြောက်ပြန့်နှံ့နေပါသဖြင့် ၎င်းအကြောင်းအရာမှာ သတင်းမှား သာဖြစ်ကြောင်း ခရီးသွားမိဘ ပြည်သူများအား အသိပေးကြေညာအပ်ပါသည် " ဟု YRTC၏ ေကြညာချက် တွင် ဖော်ပြပါရှိသည်။
Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းမှာ" ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ မဥက္ကလာ၊အောင်မင်္ဂလာအဝေးပြေး ၊ သာကေတသို့ပြေး ဆွဲနေသည့် YBS ယာဉ်လိုင်း 42(6p / 6057)သည် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်။
" နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ၊ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ ၁၅ ဦးလောက် တပြိုင်နက် ကားပေါ်တက်လာပါတယ် ကားစီးလာတဲ့ခရီးသည် ဦးရေက ဆယ်ယောက်တောင် မပြည့်ပါဘူးဗျ။
အဲ့မှာ အဲ့လူတွေ ၁၅ ယောက်လောက်တက်လာပြီး ကားသမားကို ဓားနဲ့ထောက်ထားတယ်၊ ပြီးတော့ ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီက ရွှေတွေငွေတွေ အကုန်လုယူပါတယ်။
ကျွန်တော်က ဖုန်းကိုဘောင်းဘီထဲထည့်ထားတာ ဖုန်းမပါလာလို့ဆိုပြီး ကျွန်တော့်ကိုဝိုင်းထိုးကြပါတယ်။၄၂ ယာဉ်လိုင်းက အရမ်းဆိုးနေပြီဗျာ CCTV မရှိ ဘာမရှိနဲ့ ယာဉ်မောင်းတွေနဲ့ လူမိုက်တွေနဲ့ ပေါင်းပြီး လုပ်စားနေကြတာလား မသိပါဘူးဗျာ " ဟု ကာယကံရှင်ပြည်သူတစ်ဦးမှ သတင်းပေးပို့ထားပါတယ်။၄၂ ယာဉ်လိုင်းသည် ရွှေပြည်သာသား အများပိုင် ကုမ္ပဏီမှ ပိုင်ဆိုင်ကြောင်း သိရပြီး သာဓုကန်စက်မှုဇုန်မှ မ/ဥက္ကလာ၊သာကေတ၊ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်ကြောင်းသိရသည် " ဟုရေးသားထားပြီးအဆိုပါ သတင်းအား Share လုပ်သူများပြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
