Top News

ကချင်ပြည်နယ် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း  ဦးအားဆီ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရ
24htopnews | October 7, 2024 12:12 PM CST

ကချင်ပြည်နယ် လီဆူ တိုင်းရင်းသားရေရာဝန်ကြီးဟောင်း၊ လက်ရှိ မြန်မာနိုင်ငံ လီဆူ စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌဖြစ်သူ ဦးအားဆီ သေနတ်ဖြင့် အနီးကပ် အပစ်ခံရပြီး ဆေးရုံတင်ထားရကြောင်း နီးစပ်သူများက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၀ ရက် ည ၈ နာရီဝန်းကျင်တွင် ဂေါက်ကွင်းမှကားဖြင့် အပြန် နေအိမ်တံခါးဖွင့်ရန်စောင့်ဆိုင်းနေစဉ် သေနတ်သမား နှစ်ဦးက အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညာဘက် ကျောဖောက် ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း နီးစပ်သူ မိတ်ဆွေတစ်ဦးက ဆိုပါသည်။

ယင်းက ''  ပစ်တာကတော့ ငါးချက်ထက်မနည်းဘူး။ကားကိုထိတာပေါ့။ လူကိုတော့ တစ်ချက်ထိတယ်။ ဆေးရုံမှာ စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ သိရတယ်။ကျနော်တို့ လွန်ခဲ့တဲ့ ဧပြီလတုန်းကတစ်နိုင်ငံလုံး ဆိုင်ရာ လီဆူ စာပေနှင့် ယဉ်ကျေးမှု ၂၃ ဦး ကော်မတီရွေးတယ်။ဥက္ကဋ္ဌကတော့ သူကိုရွေးတယ်''ဟု ပြောကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေစခန်းမှူးက စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပြီးမည်သည့်အဖွဲ့က မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသေးကြောင်း သိရသည်။

ဦးအားဆီသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်ပြီး  လက်ရှိတွင် အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည်။

ယမန်နေ့ကလည်း မြစ်ကြီးနားမြို့၊ကဝါးခကျေးရွာတွင် မြစ်ကြီးနားမြို့၊အေးမြသာယာ ရပ်ကွက်တွင်နေထိုင်သူ ဖိုးဝဆိုသူမှာ ဆိုင်ကယ်ဖြင့် လှည့်လည် ဖျာအရောင်းထွက်စဉ် သေနတ် ဒဏ်ရာ ရှစ်ချက်ဖြင့် နေရာတွင် သေဆုံးခဲ့သည်။

 

 


READ NEXT
Cancel OK