တောင်ဒဂုံမြို့နယ် အမှတ်(၂)လမ်းမကြီးပေါ်ရှိ နတ်စင်ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ကားစောင့်နေသူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းအနီးနေထိုင်သူများက ပြောကြားသည်။
တောင်ဒဂုံမြို့နယ်၊ (၁၇) ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်း နှင့် အမှတ်(၂)လမ်းမကြီးလမ်းဆုံအနီး နတ်စင်ကားမှတ်တိုင်တွင် နံနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘတ်စ်ကားစောင့်နေသူ အမျုးသား သုံးဦးနှင့် အမျုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။
'' မနက် ၉ နာရီလောက်က ပေါက်ကွဲသံကြားတယ်။ နောက်တော့မှ နတ်စင်မှတ်တိုင်မှာ ပေါက်ကွဲတာမှန်းသိတယ်။ ကားစောင့်နေတဲ့ အမျုးသားသုံးဦး နဲ့ အမျူးသမီးတစ်ဦး ဒဏ်ရာရသွားတယ်ပြောတယ်။ သူတို့ကိုတော့ဆေးရုံသို့ ပို့လိုက်တယ် ''ဟု အနီးနေထိုင်သူများက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုမှာ ကားမှတ်တိုင်ရှိ ခရီးသည်များထိုင်ရန်ပြုလုပ်ထားသည့် ထိုင်ခုံအောက်မှဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျုးသားနှစ်ဦးတို့တွင် (စိုးရိမ်ရဒဏ်ရာများ) နှင့် အမျုးသားတစ်ဦးနှင့်အမျုးသမီးတစ်ဦးတို့မှာ(မစိုးရိမ်ရဒဏ်ရာများ) ရရှိကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း NOM သတင်းဌာန၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားမှုအရ သိရသည်။
ထို့ပြင် မေ ၃၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က ရန်ကုန်မြို့လယ်ကောင် ကျောက်တံတားမြို့နယ် ဘားလမ်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြိး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
