မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထိခိုက်ပျက်စီးပြီး မြေပြိုမူကြောင်.သစ်ပင်များကျိုး၍ ကားလမ်းမကြီးပိတ်ခဲ့၍ ရှင်းလင်းပေးခဲ့ရသည် ဟု မိုးကုတ်မြို့နယ် ကြက် ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မိုးကုတ်မြို့ မြို့မရပ်ကွက် တောင်ကချင်ရပ်၌ ယနေ့ နံနက်စောစောပိုင်းမှ သည်းထန်စွာ ရွာသွန်းသော မိုးဒဏ်ကြောင့် တောင်ကမ်းပါးပြိုကျပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့ပါသည်၊၊
၎င်းဖြစ်စဉ်တွင် မိသားစုဝင် ၅ ဦးလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ ထိခိုက်ပျက်စီးမှု ဖြစ်ပွားသည့်နေရာသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ပြည်သူများမှ ကူညီရှင်းလင်းဆောင်ရွက်ခဲ့ကြပါသည်၊၊
" မနေ့ည က စောစောပိုင်းကတည်းက မိုးကုတ်မှာ မိုးရွာသွန်း ခဲ့ပြီး ဒီနေ့ နေ့လည် အထိ မိုးရွာခဲ့တယ် ၁၁ နာရီ လောက်မှာ မြေပြိုလို့ လူထိခိုက်မူရှိတယ်ဆိုပြီး ဖုန်းဆက်လာလို့ သွားတဲ့အခါ မှာ လူထိခိုက် မူ မရှိပါဘူး တောင်ကံပါး ပြိုတဲ့အတွက် အိမ်တော့ ထိခိုက်သွားတယ် နောက်တခု က ရွှေလိပ်ပြာ နားမှာ လမ်းပိတ်လို့ သစ်ပင် သွားရှင်းလင်းပေးခဲ့ရပါတယ်"လို့ မိုးကုတ်မြို့နယ် ကြက် ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မိုးကုတ်မြို့တွင်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ် မန္တလေးလမ်း၊ နန်းနွဲ့နှင့် ဘုရားသုံးဆူရပ်အကြားတွင် သစ်ပင်များလဲပြီး လမ်းပိတ်နေသဖြင့် မိုးကုတ်မြို့နယ်မီးသတ်ဦးစီးရုံး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မြို့နယ်အရန် မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များ အနောက်ပိုင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ အနောက်ပိုင်း ကြက်ခြေနီတပ်ဖွဲ့ နှင့်တာဝန်ရှိအဖွဲ့အစည်းများ၊ပါရမီလူမှုကူညီရေး အဖွဲ့နှင့် မြန်မာနိင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့များပူးပေါင်း၍ ကူညီရှင်းလင်းဆောင်ရွက်ခဲ့သဖြင့် လမ်းပွင့်သွားပြီဖြစ်ပါသည်၊၊
မိုးကုတ်မြို့နယ် ပြီးခဲ့နစ် သြဂုတ်လအတွင်းက မိုး သည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီး၊ရေလျံမှုများ၊မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ၊ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိကြောင်း သိရပါသည််။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
