Top News

အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ရပ်များကို ဆန့်ကျင် ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲ မန္တလေးမြို့ နေရာသုံးခုတွင် ပြုလုပ်
24htopnews | October 7, 2024 12:12 PM CST

အကြမ်းဖက်သတ်ဖြတ်မှုများနှင့်အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း  ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့နေရာသုံးခုတွင် ဇူလိုင် ၃၁ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိကုသိုလ်တော်ဘုရား၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းနှင့် ချမ်းမြသာစည်လေဆိပ်အဟောင်းနေရာအသီးသီးတို့တွင် နံနက် ၇ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ၉ နာရီတွင် ပြီးစီးခဲ့သည်ဟု သိရသည်။

"အစွန်းရောက်အကြမ်းဖက်သမားများ၏ယုတ်မာကောက်ကျပ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့်အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်ပွဲ"ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်‌ဖော်ပွဲတွင် အကြမ်းဖက်အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့သံဃာနှင့်ပြည်သူများ အပေါ် ယုတ်မာကောက်ကျစ်မှုများ(အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှ(ဆန့်ကျင်ကျ)၊ အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ(ဆန့်ကျင်ကျ)၊ နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစားများအား (ဆန့်ကျင်ကျ)ဟူသော ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။


READ NEXT
Cancel OK