Top News

ပြင်​ဦးလွင်​မြို့တွင်​ မိုးသည်​းထန်​းစွာ ရွာသွန်​းပြီး   ​ရေကြီး​ရေလျှံမှုများ ဆိုးဝါးစွာဖြစ်​​ပေါ်
24htopnews | October 7, 2024 12:12 PM CST

မန္တလေးတိုင်ဒေသကြီး ပြင်ဦးလွင်မြို့တွင် ဇူလိုင် ၃၁ ရက်​​ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့်   ရေကြီးရေလျှံမှုများ ဆိုးဝါးစွာဖြစ်​​ပေါ်လျက်ရှိကြောင်း သိရှိရသည်

ပြင်ဦးလွင်မြို့၏ အဓိက ချောင်းတစ်ခုဖြစ်​​သော ဂဲလောင်ချောင်း တစ်​​လျှောက်တွင် မိုးရွာသွန်းမှုကြောင်ချောင်ရေလျှံကာ ရပ်ကွက်များအတွင်း မကြုံစဖူး ရေကြီးရေလျှံမှုများ ဖြစ်​​ပေါ်နေခြင်းဖြစ်ပြီး လူနေအိမ်များအတွင်းထိ ရေဝင်​​ရောက်လျက်ရှိသည်ဟု မြို့ခံများထံမှ စုံစမ်းသိရှိရသည်

"ရေက အိမ်ထဲမှာ ရင်ဘတ်အထိ ရောက်​​နေပြီ ။ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး " ဟု မြို့ခံတစ်ဦးက ပြောကြားသည်

" ဂဲလောင်​​ချောင်းတစ်​​လျှောက်ကတော့ အကုန်မြုပ်ကုန်ပြီ ။ ရေလျှံတာက  ချောင်းကို မပေါ်တော့ဘူး ။ ချောင်ဘေးတစ်​​လျှောက် အနိမ့်ပိုင်းကျတဲ့ရပ်ကွက်​​တွေကတော့ အဆိုးဆုံးပေါ့ ။ အခု ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်​​နေရတယ် ။ တချို့အိမ်​​တွေဆို အိမ်တစ်ဝက်​​လောက်မြုပ်​​နေပြီး တချို့ဆို တစ်အိမ်လုံး မြုပ်​​နေတာ ။ အိမ်​​တွေထဲမှာရေက ၅ေ ၆ပေလောက်ရှိတယ်လေလောဆယ် အဆိုးဝါးဆုံးရေလျံနေတဲ့အပိုင်းက ရပ်ကွက်ကြီး ၁ မိုးညိုဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ပဲ ။ ကားတွေလည်း မြုပ်ပြီး ထုတ်မရ ၊ လူတွေလည်းပိတ်မိနေလို့ မီးသတ်ဌာန လူမှုကူညီရေးအသင်တွေကနေ ကယ်ဆယ်မှုတွေ လိုက်လုပ်​​နေရတယ်  " ဟု ပြင်ဦးလွင် သန္တိသုခလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်

"" မိုးရွာတာက ကနေ့မနက် ၃ နာရီလောက်က စရွာတာ ခုထိလည်း ရွာနေတုန်းပဲ ။ ရပ်ကွက်​​တွေ အတော်များများမှာ ရေက မြစ်​​ရေလျှံသလိုပဲ ဗောင်းလန်​​နေတာ ။ လမ်တွေပေါ်မှာဆို ဒူးဆစ်ကနေ ခါးလောက်ထိ မြင့်တက်​​နေသလို ရေစီးသန်​​တော့ ကြိုးတားပြီးမှ သွားလို့ရတယ် ။ကြိုးမပါရင် သွားလို့မရတော့ဘူး " ဟု ဆက်လက်​​ပြောကြားသည်


READ NEXT
Cancel OK