ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဖြင့် ဖျာလှည့်လည်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက နောင်နန်းကျေးရွာအုပ်စု၊ ကဝါးခကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။
အဆိုပါသေဆုံးသူမှာ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သေနတ်ဒဏ်ရာ ရှစ်ချက်ရရှိခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း ပလနနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။
ပလနနယ်မြေရဲစခန်းမှ တာဝန်ရှိသူက “စစ်ဆေးနေဆဲ ရှိပါသေးတယ်။ သူတို့က မြန်မာနိုင်ငံအလယ်ပိုင်းကနေ အဖွဲ့လိုက် လာကြတဲ့ဟာတွေပါ။ ဘာကြောင့်ဆိုတာစုံစမ်းဆဲရှိပါသေးတယ်။ အကြောင်းအရင်းကို မသိရသေးဘူး”ဟု ပြောကြားသည်။
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက”ကျွန်မတို့ နယ်ကမဟုတ်ဘူး။ မုံရွာနယ်ဘယ်ကပါ။ အရောင်းအဝယ်လုပ်ပြီး မိဘတွေဆီပို့နေသူပါ။ ရိုးသား ကြိုးစားတဲ့ကလေးဘဲ။ နာမည်ကဖိုးဝလို့ခေါ်တယ်။ အသက်လည်း ၃၀ လောက်ရှိပါပြီ”ဟု ပြောကြားသည်။
သေဆုံးသူနှင့်ပတ်သက်၍ လုယက်သတ်ဖြတ်ခံရခြင်း(သို့မဟုတ်) ရန်ငြိုးကြောင့် သတ်ဖြတ်ခံရခြင်းဆိုသည်ကိုမူ စုံစမ်းနိုင်ခြင်း မရှိသေးပေ။
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မတ် ၂၄ ရက် မွန်းလွဲပိုင်းကလည်း သံတို၊သံစနှင့် ရေသန့်ဘူးကောက်သည့် အမျိုးသမီးတစ်ဦး ဓါးထိုးလုယက်ခံရပြီး ဆေးရုံတွင် ကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့သည်။
ကချင်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် ဆိုင်ကယ်စီးနေစဉ် ပိုက်ဆံအိတ်လုခြင်း၊ ဖုန်းလုခြင်း၊ လမ်းပိတ်ကာဆိုင်ကယ်လုခြင်း၊ ရိုက်နှက်လုယက်ဖြစ်စဉ်များ ဖောက်ထွင်းခိုးယူခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး၊ အသက်ဆုံးရှုံးမှုများလည်းရှိနေဆဲဖြစ်သည်။
မြစ်ကြီးနားမြို့တွင် လုယက်ခိုးယူမှုများသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရှေ့ဦးပိုင်းတွင်များပြားခဲ့သော်လည်း အစိုးရ ဆင်းခါနီးတွင် နည်းပါးခဲ့သည်ကို တွေ့ရသည်။ NLDအစိုးရလက်ထက်တွင် လုယက်မှုများသည်၂၀၁၇ အထိ များပြားခဲ့ပြီး လွှတ်တော်တွင်တင်ပြခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို နှိမ်နှင်းခြင်းများကြောင့် နောက်ပိုင်းနှစ်များ၌ လျော့နည်းခဲ့သည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
