မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ နယ်၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးတွင် ဇူလိုင် ၂၈ ရက် ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် နတ်မောက်မြို့နယ် ပညာရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံး၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်၊ မြေတိုက် ကျောင်းလမ်းရှိ ကညုံအခြေခံပညာမူလတန်းကျောင်းရှေ့လမ်းပေါ်၌လည်းကောင်း၊ ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာနေ ဦးကြည်ထွန်း (၅၀)နှစ်နှင့် တစ်ရွာတည်းနေ အလယ်တန်းပြ ကျောင်းဆရာမဖြစ်သူ ဒေါ်နီနီဆင့်တို့၏နေအိမ်ရှေ့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တွင်းများ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းရုံးခန်းဝင်ပေါက်တံခါးမကြီး၏ အောက်ခြေအခင်းပေါ်၌လည်းကောင်း ခြိမ်းခြောက်စာများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ခြိမ်းခြောက်စာသားများရေးသားထားသည့် စာစောင်များအားတွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်း ခဲ့ကြောင်းနှင့် အနီးပတ်ဝန်းကျင်တို့၌ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
