စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာတစ်ဦး ဇူလိုင် ၂၈ ရက်က ဓားနှင့်သေနတ်တို့ဖြင့် ပစ်ခတ်ထိုးခုတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။
ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပုလဲမြို့နယ် သေတ္တရာကျေးရွာနေ ပုလဲ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးစိုင်းမင်းလတ် (၃၈)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF များရောက်ရှိလာပြီး ဦးစိုင်းမင်းလတ်အား သေနတ်၊ ဓားများဖြင့် ၀ိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပစ်ခတ်ထိုးခတ်မှုကြောင့် ဦးစိုင်းမင်းလတ်တွင် သေနတ်၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းနေအထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဝါ၀ါရွှေ(၄၀)နှစ်အား PDF အမျိုးသားတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်၍ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
